MAL - 15

5.4K 852 115
                                    

Unicode

' အခန်းထဲလှဲနေရတာ မွန်းကျပ်နေပြီမလား ´

ပတ်တီးလှဲပေးပြီးနောက် ပြုံးရွှင်ရွှင်မေးလာတဲ့
ဒေါက်တာရဲ့စကားကြောင့် Chanyeol
ပြုံးယောင်ယောင်လေးဖြင့် နှာခေါင်းလေးရှုံ့ကာ
ခေါင်းငြိမ့်ပြလိုက်သည် ။
ထို့နောက်တွင်မူ ဒေါက်တာက သူ့အနောက်ဘက် ဆိုဖာပေါ်မှာ
တင်ပျဥ်ခွေထိုင်ရင်း game ထိုင်ဆော့နေတဲ့
တစ်စုံတစ်ယောက်ကြည့်ရင်း စိတ်ပျက်ဟန်နှင့်
စုပ်သပ်ပစ်လိုက်သေး၏ ။

' လူနာစောင့်က ကြည့်ရတာ
ဘာတောင် အကူအညီမရပုံပဲနော် ´

ထို့နောက် Chanyeol ကို လေသံတိုးတိုးလေးနှင့်
အတင်းပြောသလို စနောက်လာတော့ Chanyeol
လည်း ခပ်ဖွဖွ လိုက်ရယ်မိလိုက်ပါသေး၏ ။
သူရဲ့ တာဝန်ခံ ဒေါက်တာက အသက် 40 ကျော်ခန့်ရိှပြီး
ကြည့်ရသလောက်တော့ စိတ်ထားကောင်းကာ
ရွှတ်နောက်နောက်နိုင်ပုံပေါ်သည် ။
Baekhyun ကိုဆိုလည်း အမြဲမထိတထိ
စနောက်နေလေ့ရိှသောကြောင့် Baekhyun ကတော့
အကြောမတည့်ချင်ပါ ။ တစ်ခါတစ်ခါ ဒေါက်တာ့ကိုတောင်
ဘုကြည့်ကြည့်ပြီး ကြိတ် ကျိန်ဆဲတာတွေ ရိှသေး၏ ။
ထို့သို့ဖြစ်လေ ဒေါက်တာက ပိုစလေဖြစ်သည် ။
Chanyeol အတွက်တော့ မထင်မှတ်ပဲ Baekhyun ရဲ့
ချစ်စဖွယ် ကလေးဆန်မှု တစ်စိတ်တစ်ပိုင်းတို့ကို မြင်တွေ့ခွင့်
ရသည်ပေါ့ ။

' ဟေ့ .. ငဂျစ် ! game ပဲဆော့မနေပဲ
လူနာကို လေကောင်းလေသန့်သွားရှူခိုင်းပါဦး ´

ထုံးစံအတိုင်း သွား စ နေပြန်တာမို့ Chanyeol
ကတော့ ခေါင်းခါယမ်း၍သာ ရယ်မိသည် ။
ကြည့်ရတာ game ထဲတွင် စျာန်ဝင်နေ၍
ပြသနာတက်ချင်ပုံမရသော Baekhyun ကတော့
မျက်လုံးတစ်ချက်လှန်ကြည့်သွားပြီးသာ
ကိုယ်ကို တစ်ဖက်စောင်းသွား၍ Game ဆက်ဆော့နေ၏ ။

ဘယ်လောက်ပဲ အားမနာတဲ့ပုံလုပ်ပြပြ
ဒေါက်တာကတော့  ကလေးကို စသလို စမြဲဖြစ်သည် ။
Chanyeol ကြည့်ရသလောက်တော့ Baekhyun က
ချစ်မွှေးပါတယ်ထင်ပါရဲ့ ။ ဘယ်လောက်ဆိုးဆိုး
အဖေဖြစ်သူကလည်း ဖူးဖူးမှုတ်ထားသလို
ပတ်ဝန်းကျင်က လူအတော်များများကလည်း ချစ်ကြပုံပေါ်သည် ။
သူတောင် တွေ့ခါစက သိပ်အကြောမတည့်ချင်ပေမယ့်
အချိန်ကြာလာတော့ သံယောဇဥ်တွယ်လာပြီး
အမြင်ကပ်တာမျိုးမရိှတော့ပါ ။

Marriage   And   Love  ( Completed ) Where stories live. Discover now