MAL - 28

6.1K 846 34
                                    

Unicode

Chanyeol သည် Baekhyun အခန်းထဲတွင်
အဝတ်လဲနေသည်က ကြာလွန်းသည်မို့ အခန်းတံခါးကို
ဖွင့်ကြည့်တော့ မြင်လိုက်ရသည့်ပုံကြောင့်
စိတ်ပျက်လက်ပျက်သာ သက်ပြင်းချမိသွားသည် ။

မှန်ရှေ့မှ Baekhyun သည် Chanyeol
အံဆွဲထဲထည့်ကာ သိမ်းထားသော သူ့ Accessory တွေကို
ထုတ်ကာ  အပီအပြင်ဝတ်ဆင်နေခြင်းဖြစ်၏ ။
ခါတိုင်းလိုတောင် မဟုတ် ၊ Party တွေ Club တွေ
တက်ရင်ဝတ်သလို  နားဆွဲတန်းလန်း ၊ အရိုးခေါင်းပုံ
အပေါင်းပုံ ကြောက်စရာ Demon ကြီးများပါသော
ဆွဲကြိုးတွေ 2 ပင် 3 ပင်သာမက လက်စွပ်တွေပါ
3 ချောင်းလောက်စွပ်ထားသေးသည် ။
ထို့ပြင် Bracelet တွေကိုပါ ဝတ်ထားသေးတာမို့
Chanyeol အခန်းထဲ ဝင်ကာ နားပူရပါတော့၏ ။

' Baekhyun ရာ  ..
အဖေနဲ့နေ့လည်စာ သွားစားမှာလေ
ဒါတွေ ချွတ်လိုက်နော်  လိမ္မာတယ် ´

' ဟင့်အင်း .. မဟုတ်ရင်
ဟိုမျိုးမစစ်လေးက ကျွန်တော့်ကို ကြောက်စရာလို
မြင်မှာ မဟုတ်ဘူး ...
သူ့စိတ်ထဲ ခုကတည်းက မလေးမစားမလုပ်ရဲအောင်
နေပြရမှာ ´

ထိုအရာများဝတ်လျှင် သူ့ကိုယ်သူ
ကြောက်စရာလိုလို လူမိုက်လိုလို ထင်သွားသလားတော့မသိ ။
လူငယ်ကလေးတွေ၏ စိတ်ဆိုသည်မှာကလည်း ခက်လွန်းလှသည် ။
ထို့ကြောင့် Chanyeol ကပင် အသေအချာ ချော့မော့ကာ
ပြောဆိုရလေ၏ ။

' ဒါဆိုလည်း  နည်းနည်းပဲဝတ်လေကွ
မလေးမစား လုပ်ရင် မျက်မှောင်ကုပ်ပြီးသာ ကြည့်ပြလိုက်
အဲ့ပုံက ​ဒီဟာတွေထက် ကြောက်စရာပိုကောင်းတယ်
ကိုယ်ပြောတာယုံ ´

Chanyeol က ပြုံးစိစိမျက်နှာပေးလုပ်ပြီး နံရံကို
ကျောမှီရင်း ပြောတော့  မှုန်ကုပ်ကုပ်အကြည့် တစ်ချက်က
ကြည့်ချင်းရောက်လေသည် ။

မြင်လား  မြင်လား  အဲ့အကြည့် ။
အဲ့လိုသာ ကြည့်ပေးလိုက်ရင် ဘယ်ကလေး
ဒူးမတုန်ပဲနေမလဲ ။
လူကြီးဖြစ်တဲ့ သူတောင်ကြောက်နေရတာ ။

သူပြောသည့် စကားက အနည်းငယ်တော့ ထိရောက်သည်
ထင်၏ ။ Baekhyun သည် ရှုတ်ယှက်ခတ်နေသော
သူ့ဆွဲကြိုး အရှည်ကြီးတွေကို ချွတ်ပစ်ကာ Chain ပုံစံ
ထူပတ်ပတ်  ပြုလုပ်ထားသော ငွေရောင်ဆွဲကြိုးတိုတ်ို ၁ ခုကိုသာ
ထားလိုက်သည် ။ ထို့နောက် ထူထဲထဲ လက်စွပ်ကြီးတွေကိုလည်း
ချွတ်ပစ်လိုက်ကာ  ပြောင်ချောကွင်းလေး ၁ ကွင်းစီကိုသာ
လက်ခလယ်နှင့် လက်သန်းကြွယ် တွင် ဝတ်ထားလေ၏ ။
Bracelet ကိုလည်း Leather ကြိုးလေး ၁ ခုသာ ထားသည် ။
ဒီလောက်ကတော့ Baekhyun ပုံမှန်ဝတ်နေကျမို့ ကိစ္စမရိှ ။
အမြင်သိပ်ရိုင်းမနေပါ ။

Marriage   And   Love  ( Completed ) Where stories live. Discover now