MAL - 1

22.1K 1.1K 31
                                    

မီးရောင် ခပ်မှိန်မှိန်နှင့်  Hotel ဧည့်ခန်းမကြီးတစ်ခုအတွင်း
စီးပွားရေးဆန်သော စကားဝိုင်းများက ဟိုတစ်စု သည်တစ်စု
ခပ်တ်ိုးတိုးထွက်ပေါ်နေသည် ...

အပြင်အဆင် အဆောင်အယောင်များနှင့် ကျော့ရှင်းနေ၍
ရှန်ပိန်ခွက်များ ကိုယ်စီ ကိုင်ထားကြသော ပတ်ဝန်းကျင်နှင့်
ခပ်လှမ်းလှမ်း အမှောင်ရိပ်ကျ သော နေရာတွင် Chanyeol
မီးခြစ်တစ်လုံးကို လက်အတွင်း လှည့်ပတ်ကစားလျှက် ထိုင်နေမိ၏

ဒီနေ့ပွဲမှာ သူ့အနေနှင့် လူအတော်များများ၏ အာရုံစိုက်ခြင်းကို
ခံနေရသော်လည်း တည်တင်းနေသော သူ့မျက်နှာထားအရ
သိပ်အရော တဝင် မလုပ်ရဲကြ ...

ခဏတစ်ဖြုတ် လာရောက်နှုတ်ဆက်သူ များတော့ ရိှသည် ...

သူ့အဖေကလည်း တောင်ကိုရီးယားအတိုင်းအတာနှင့်
အတော်ကြီးမားသော လုပ်ငန်းစုကြီး တစ်ခုကို ပိုင်ဆိုင်ထားပြီး
သူကလည်း  လွန်ခဲ့သော ၂ လလောက်ကမှ နိုင်ငံခြားက
ပြန်ရောက်လာတဲ့ တစ်ဦးတည်းသော ဆက်ခံသူမလား ...

စီးပွားရေးကို အဓိက ပစ်မှတ်ထားသော အရောဝင်မှုတွေကြားထဲ
နည်းနည်းတော့ စိတ်ရှုတ်စရာ ကောင်းပေမယ့်  လူမှုရေးခေါင်းပါးသူ
မဟုတ်တာကြောင့် အတတ်နိုင်ဆုံးတော့ သူ အလိုက်သင့်နေပါသည် ...

' Chanyeol shi .. ဘယ်လိုလဲ
  လူကြီးတွေ ကြားထဲ စိတ်တွေ မွန်းကျပ်နေပြီမလား ´

မကြာခင်မှာပဲ  ရှိန်ပိန်ခွက်လေး ၂ ခွက်ကို ကိုင်လာသော သူမသည်
သူ့ဘေးနားတွင်  ကြွကြွရွရွလေး ဝင်ထိုင်လျှက် ရှန်ပိန် ၁ ခွက်ကို
ကမ်းပေးလာသည် ...

ရှန်ပိန်ခွက် ၁ ခွက်ကို သူမလက်ထဲမှ လှမ်းယူပြီး သူမ၏ အမေးကို
ခေါင်း တစ်ချက်ငြိမ့်ရုံမျှ သာ အဖြေပေးလိုက်တော့  ခပ်ဖွဖွလေးပြုံးလျှက်  ရွှန်းရွှန်းစားစားကြည့်လာ၏ ...

သူမက ဒီနေ့ပွဲအတွက်  အဖေ မိတ်ဆက်ကာ ထည့်ပေးလိုက်တဲ့
သူ့ပါတနာ  Y.J. group ၏ သမီးငယ် ဖြစ်သည် ...
မင်းသမီးရှုံးလောက်အောင် လှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် သူ အရေးတယူ မလုပ်ဖြစ်ပါ ...
မိန်းကလေး ဘက်က သိသိသာသာ ရောနှောချင်ဟန် ပြသော်လည်း
သူ့ဘက်ကတော့ အလိုက်သင့်သာ ဆက်ဆံပေးခဲ့ပါသည် ...

Marriage   And   Love  ( Completed ) Where stories live. Discover now