MAL - 14

5.1K 877 199
                                    

Unicode

Chanyeol  ဆေးရုံတက်နေသည့်ရက်များတွင်
Baekhyun  Jong in အိမ်မှာသာ ညအိပ်ဖြစ်ခဲ့သည် ။
ဆေးရုံမှာ စောင့်အိပ်ပေးရအောင် ဟ်ိုလူက
ကလေး မဟုတ်တာကြောင့်ရော အိပ်ရမယ့် နေရာ
အခက်အခဲကြောင့်ရော  Baekhyun ညစောင့်၍
မအိပ်ပေးခြင်းဖြစ်၏ ။
အိမ်မှာ တစ်ယောက်တည်းနေဖို့ကလည်း ပျင်းခြောက်ခြောက်
ဖြစ်လွန်းတာကြောင့်  သူဒီရက်ပိုင်းအတွင်း Jong In အိမ်
မှာသာ  သောင်တင်နေခြင်းဖြစ်သည် ။

ယူနာ ဟူသောအစ်မကလည်း အနည်းဆုံးတစ်နေ့တစ်ခါလောက်
တော့ ပုံမှန်ရောက်ဖြစ်နေသောကြောင့် သူဆေးရုံတွင်
အချိန်ပြည့်ရိှမနေချင် ။ ထို အစ်မနှင့် မျက်နှာချင်းဆိုင်ရလေ
စိတ်ထဲတွင်ပင်ပန်းရလေ ဖြစ်သောကြောင့် ရှက်ဖို့ကောင်းသည့်
အပြုအမူဖြစ်သော်လည်း သူထိုအစ်မကို အမြဲရှောင်ဖြစ်၏ ။
တစ်ခါတစ်လေ ဟိုလူ၏အဖေရောက်လာသည် ၊ တစ်ခါတစ်လေတော့ သတင်းမေးသည်ဟူသော ခေါင်းစဥ်ဖြင့်
လုပ်ဖော်ကိုင်ဖက် ဆိုသူများရောက်ရောက်လာသည် ။
ဘယ်သူရောက်ရောက် Baekhyun ကတော့
ယဥ်ကျေးမှုမရိှ အေးစက်စက်ရှောင်ဖယ်မြဲပင်ဖြစ်၏ ။

အဖေနဲ့ကတော့  ပြသနာဖြစ်ပြီးကတည်းက မတွေ့ဖြစ်တာ
အတော်ကြာပြီ ။ သူ့ဘက်ကလည်းစပြီးမဆက်သွယ်ခဲ့သလို
အဖေ့ဘက်ကစပြီး ဆက်သွယ်လာလျှင်လည်း သူဖုန်းချပစ်သည် ။
သူမရိှတုန်းခဏတော့  ဆေးရုံကို လာသွားသည်ဟု ဟိုလူက
ပြန်ပြောပြ၏ ။ သို့သော် Baekhyun ဂရုမစိုက် ။
စိတ်နာနေသည် မဟုတ်ပေမယ့် စိတ်တော့ ဆိုးမိပါသည် ။

ခုလည်း  မနက် 8 နာရီရိှနေပြီ ။
မကြာခင်ဆေးရုံသို့သွားရတော့မည်ဖြစ်သော်လည်း
သူခုထိ  ကုတင်ပေါ်မှ မထနိုင်သေးပဲ ပုံဆွဲနေဆဲဖြစ်၏ ။
သူ့  Website လေးက အတော်တော့ နာမည်ရိှကာ
အားပေးသည့် ပရိတ်သတ်များလည်း မနည်းများများရိှလှသည် ။
သူက အမြဲ ဆိုးဆိုးပေပေ ကောင်လေးကဲ့သို့ Character
လေးတွေဆွဲလေ့ရိှပြီး mini story ကဲ့သို့ ဇာတ်လမ်းလေးတွေ
update ပေးသည် ။
Webtoon လိုဟာမျိုး ဆွဲဖို့ကျတော့ Story ပိုင်း ပါရမီမပါတာရော နုနုရွရွ အချစ်ကိစ္စတွေကို
မခံစားနိုင်တာရောကြောင့် သူမရေးဖြစ်ပါ ။
Website က ရသည့်ငွေလောက်ကိုလည်း
မက်မောစရာ မလိုသည့်အခြေအနေမို့
သူဝါသနာ ပါရာ ကိုသာဤသို့လုပ်နေရလျှင်ဖြစ်သည် ။
နာမည်ကြီးတာ မကြီးတာကို အဲ့လောက်ထိ အာရုံထဲ
မရိှပေ ။

Marriage   And   Love  ( Completed ) Where stories live. Discover now