Part 24

418 38 13
                                    

" ကိုကို့ ရဲ့ ငယ် - 24 "


"မား သား လိုက်သွားချင်တယ် ခွင့်ပြုပေးလေ နော်"

"သား ကိုစိတ်မချဘူး"

Suho လက်ကိုကိုင်လှုပ်ပြီးချွဲနေတဲ့ Kyung Soo ခေါင်းလေးကို ဖွဖွပွတ်ပေးရင်းပြောလိုက်တယ်

"သား ကလေးမှမဟုတ်တော့တာ ပြီးတော့ ကိုကို နဲ့အတူသွားမှာလေ တီလေး ကူပြောပေး"

ရှေ့မှာရှိနေတဲ့ Lulu ကိုပါစစ်ကူတောင်းလိုက်ပေမယ့်

"သား တီလေးတို့မပါဘဲ တစ်ခါမှမသွားဖူးလို့ မမ စိတ်မချဖြစ်တာ"

"ဟုတ်တယ် သား"

"သား တစ်ယောက်တည်းမှမဟုတ်တာ"
Kyung Soo ခေါင်းငုံ့ပြီးတိုးတိုးလေးပြောလိုက်တယ်

"မား တစ်ခါပဲလေနော် နောက်ထပ်မသွားတော့ဘူး သား ဘာမှမဖြစ်အောင် ကိုယ့်ကိုယ်ကိုဂရုစိုက်မယ်လို့ ကတိပေးတယ်"

ငိုတော့မယ့်မျက်နှာလေးနဲ့ပြောနေတဲ့ Kyung Soo ကို Suho သနားသွားတယ်
Kyung Soo တော်ရုံနဲ့မငိုတတ်တာ

"မား သားကိုစိတ်ချမယ်"

"တကယ်ပြောတာလား မား"

"အင်း"

"သိသားပဲ ခွင့်ပြုပေးမှာလို့😁"

တစ်ချိန်လုံးအပူကပ်ရတာ တန်သွားပြီလေ

Kyung Soo မျက်နှာချိုသွေးပြီး Suho ကိုပိုတိုးပြီးဖက်လိုက်တယ်

"ဖြစ်ပါ့မလား မမ"

"Yeolလေး နဲ့ဆိုတော့ အဆင်ပြေမှာပါ
သား ကိုကို့ ကိုဂျီမကျနဲ့နော်"

"မား ကလည်း သား အမြဲဂျီကျနေလို့လား ဟွန့်"

^မသိဘူး ကောက်မှာပဲ^
Kyung Soo. Suho ကိုမျက်လုံးထောင့်ထဲက လှမ်းကြည့်လိုက်တော့ ရယ်နေတာတွေ့လိုက်ပါတယ်

"မား ပြောမှပဲသတိရတော့တယ်"

"ဘာကိုလဲ သားရဲ့"

"ကိုကို့ ကိုပိုပြီးဂျီကျမလို့"

"ဂျီကျရင် အရိုက်ခံရမှာပေါ့"

Yeol ပြောလိုက်တော့ Kyung Soo နှာခေါင်းတသ်ချင်ရှုံ့လိုက်တယ်
^ဘာကိုရိုက်မှာလဲ လျှောက်ပြောနေပြန်ပြီ^

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now