Part 22

391 37 4
                                    

" ကိုကို့ ရဲ့ ငယ် - 22 "


မတော်တဆဖြစ်ပြီးတဲ့ ရက်ကတည်းက Yeol. Kyung Soo အိမ်မှာပဲ လာနေဖြစ်တယ်
Suho နဲ့ Lulu ရှိနေပေမယ့် အပြစ်မကင်းသလိုခံစားရလို့ ကိုယ်တိုင်ဂရုစိုက်ပေးချင်တာ
မနက်မိုးလင်းတာနဲ့ ရောက်လာတတ်ပြီး မျက်နှာသစ် ခြေလက်သန့်စင်တာကစ လုပ်ပေးတာ
မိဘတွေကရိပ်မိနေပေမယ့် ခုချိန်ထိဘာမှမပြောသေးဘူး Kyung Soo မျက်လုံးပြန်မကောင်းသေးတာကြောင့်လည်း ပါမှာပေါ့

"ငယ် မျက်စင်းခပ်မယ်"

ဧည့်ခန်းမှာလိုချည်းပဲ ထိုင်နေတတ်တဲ့ Kyung Soo ဆီသွားရင်းပြောလိုက်တယ်

"ငယ် ကြည့်ရတာဘယ်လိုနေလဲ"

"အရင်နေ့တွေကထက်တော့ နည်းနည်းကြည်လာတယ် ကိုကို ပြိးတော့ နာတာလည်းသက်သာတယ်"

Yeol. Kyung Soo မျက်ဝန်းတွေဆီကြည့်လိုက်တော့ ယောင်တာသက်သာလာပြီး ရဲနေတာလည်း လျော့သွားတယ်

"သားငယ်"

"ဟုတ်"

"တီလေးကို အမှန်အတိုင်း မပြောပြတော့ဘူးလား"

ဖြစ်ခဲ့တဲ့ကိစ္စကို မတော်တဆ လို့ပဲပြောထားပေမယ့် Lulu မယုံနိုင်ဘူး Kyung Soo အဲ့လောက်ဂရုမစိုက်နိုင်တာမှမဟုတ်တာ

"သား ပြောပြီးပြီလေ မတော်တဆဖြစ်သွားတာပါ"

"ဒါပေမယ့်.."

"ယုံပါ တီလေးရဲ့ မတော်တဆပါ"

"Yeolလေး သားငယ်ကိုတွေ့တော့ရော.."

"ကျွန်တော်.."

"ကိုကို တွေ့တာ သား တစ်ယောက်တည်းကို ဟုတ်တယ်မလား ကိုကို"

"ဟင်. အင်း ဟုတ်တယ် အန်တီ"

"ကိုကို ငယ် ခြံထဲမှာလမ်းလျှောက်ချင်တယ်"

Lulu ဆက်မေးမှာစိုးလို့ Kyung Soo စကားလမ်းကြောင်းလွဲလိုက်တယ်

"ကိုကို လိုက်ပို့မယ်နော်"

*************************

"ငယ် ဒီမှာထိုင်လို့ရလားဟင်"

"အပေါ်မှာထိုင်လေ ငယ်"

"ဟင့်အင်း ဒီမှာ"

Kyung Soo မြက်ခင်းပေါ်မှာ ထိုင်ချလိုက်တယ် ခြံရှေ့မှာ မြက်နုနုလေးတွေ ရှိနေတော့အဆင်ပြေတယ်လေ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now