Part 8

537 49 5
                                    

" ကိုကို့ ရဲ့ ငယ် - 8 "


Yeol အဘွားအိမ်သွားမယ့်နေ့

^ဘာလိုလိုနဲ့ခုချိန်ထိ ငယ် နဲ့ မတွေ့ရသေးဘူး^

Yeol ရော Kyung Soo တို့အိမ်ပါ အတွင်းဘက်နည်းနည်းကျတာကြောင့် ဘတ်စ်ကားမှတ်တိုင်က ၂ လမ်းကျော်လောက်ကို သွားစောင့်ရတော့ Yeol စောစောထွက်လာခဲ့ရင်း Kyung Soo ဆီကို ဝင်နှုတ်ဆက်ဖို့တွေးမိလိုက်တယ်

"ငယ် "

Kyung Soo ခြံထဲကပန်းပင်လေးတွေ လိုက်ကြည့်နေရင်း ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ Yeol ရောက်နေပြီ

"ကိုကို"

"အင်း"

"ဒီနေ့သွားမှာပေါ့"

"အင်း  ငယ့် ကိုမတွေ့ရတာလည်းကြာလို့ ဝင်နှုတ်ဆက်တာ"

^တော်သေးတာပေါ့ ကိုကို ရယ်
အနည်းဆုံးတော့ မျက်နှာလေး မြင်ခွင့်ရသေးလို့^

"ဟုတ်"

"ကိုကို သွားတော့မယ်နော်"

Kyung Soo ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်သည်

"အာ~ ခန ကိုကို"

လှစ်ခနဲ့ အိမ်ထဲပြေးဝင်သွားတဲ့ Kyung Soo ကြောင့် Yeol ခနရပ်စောင့်နေလိုက်တယ်
မကြာပါဘူး ပြေးပြီးပြန်လာတော့တယ်

"ငယ် ဘာလို့ပြေးလာတာလဲ"

"ဘာမဖြစ်ပါဘူး😁"

"ခုနဘာသွားလုပ်တာလဲ"

"ငယ် Baek အိမ်ကိုသွားမလို့ ကိုကို နဲ့လမ်းကြုံလိုက်သွားမယ်လို့ တီလေးကိုသွားပြောတာ"

"ငယ် လိုက်လို့ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် Baek ဒီနေ့အလုပ်မသွားရဘူးတဲ့"

"အပြန်ကျတော့.. "

"မား အလုပ်ကပြန်ရင်းဝင်ခေါ်ပါလို့ တီလေးပြောပေးမယ်တဲ့"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now