Part 26

375 34 13
                                    

" ကိုကို့ ရဲ့ ငယ် - 26 "

Yeol. Kyung Soo နဲ့ Min Seok သုံးယောက်သား TVကြည့်နေကြတယ် Reality show တစ်ခုလာနေတာကိုကြည့်ရင်း တဟားဟားရယ်နေကြတာ

"ရယ်သံတွေကလည်း နောက်ဘက်ကတောင် ကြားရတယ်နော်"

အဘွား သစ်သီးပန်းကန်ကို စားပွဲပေါ်ချရင်းပြောလိုက်တော့ ပြုံးစိစိနဲ့ပြန်ကြည့်နေကြရော

"အဘွား လက်ကိုဓားထိရင် ဘယ်လိုလုပ်မလဲ သားကိုပြောတာမဟုတ်ဘူး"

Kyung Soo စိတ်ပူသလိုပြောတော့ အဘွားကရယ်တယ် ပျိုမျစ်မှုတွေရှိမနေတာတောင် အဘွားက ကျက်သရေရှိရှိလှနေတုန်း
"ဘာမဖြစ်ပါဘူး အဘွားလုပ်နေကျပဲ"

"ဟုတ်တယ် Kyung Soo
အဘွားက ကိုယ်တိုင်လုပ်ရမှ စိတ်ကျေနပ်တာ"

"ဟုတ်ပါပြီဗျာ"

"Reality show တောင်ပြီးသွားပြီပဲ ငယ် နားတော့မလား"

"စောပါသေးတယ် Chan ရဲ့"

အဘွား ဟန့်လိုက်တော့ Yeol ဆက်မပြောဖြစ်တော့ဘဲ ငြိမ်နေလိုက်တယ်

"သတင်းလာမှာပဲ Min Seok ပြောင်းလိုက်ဦး"

"ဟုတ် အဘွား"

Hst: Koreaနိုင်ငံရဲ့ Top10 စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သော Lee Saung Tae သည် ငွေကြေးအလွဲသုံးစားလုပ်မှု ခြိမ်းခြောက်မှု အသက်အန္တရာယ်ရန်ရှာပြုမူမှု စသည့် အမှုပေါင်း ၂၈ ခုမှာ ပြစ်မှုထင်ရှားပြီး သက်သေခိုင်လုံသဖြင့် တရားခံအား ယနေ့မနက်တွင် ရဲဌာနမှ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရှိရပါသည်
တရားခံအား ပြစ်မှုများကို ဆက်လက်စစ်ဆေး..........

"ကိုကို အစ်မ Ji Yun အဖေမဟုတ်လား"

အံ့သြနေတဲ့ အကြည့်တွေနဲ့မေးလာတဲ့ Kyung Soo

"ဟုတ်တယ်"

Hst: တရားခံ၏ သမီးဖြစ်သူ Lee Ji Yun သည် ဖခင်၏ခိုင်းစေချက်အတိုင်း ကြံရာပါအဖြစ် မသမာမှုများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသဖြင့် တစ်ပါတည်းဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်

"Ji Yun ကပါ..."

Yeol သိထားတာ Lee Saung Tae နဲ့အတူ လက်ထောက်တစ်ယောက်ပါတာပဲ ဘာဖြစ်လို့ Ji Yun ဖြစ်နေရတာလဲ
^ဖေဖေရောသိထားတာလား^

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Dove le storie prendono vita. Scoprilo ora