Part 30 - Final

1K 49 11
                                    

" ကိုကို့ ရဲ့ ငယ် - Final "


St. Feancis Church (just for imagination) ဆီက တေးဂီတသံ မတိုးမကျယ်ကြားနေရတယ် သစ်ရွက်လေးတွ တချွင်ချွင်ခတ်သံနဲ့ ငှက်လေးတွေ တေးသီသံရောပဲ

နှစ်ဘက်မိဘတွေကို လက်ထပ်ဖို့အကြောင်း ဖွင့်ပြောကြတဲ့နေ့က...
ကတိအတိုင်း လုပ်ခဲ့တဲ့အတွက် Kris အသာတကြည်သဘောတူခဲ့တာကို Kyung Soo အံ့သြနေပုံရတယ် အဖေတစ်ယောက်အတွက် လက်ခံပေးဖို့ ခက်ခဲတဲ့ကိစ္စမဟုတ်လား
ကတိစကားကို အလေးထားတာထက် သူကိုယ်တိုင်လည်း Kyung Soo ကို သားလို့သတ်မှတ်ထားခဲ့တာ ဒီကောင်လေးက တကယ်အချစ်ခံရတာပါဆို
Suho နဲ့ Tao က 'သားတို့ သေချာဆုံးဖြတ်ပြီးရင် သဘောမတူစရာမရှိပါဘူး' တဲ့
မျက်စိအောက်တင် အရွယ်ရောက်လာတဲ့ ကောင်လေးနှစ်ယောက်ကို အကျင့်စာရိတ္တကစ အပြုအမူအဆုံး အားလုံးသိနေတော့ ကန့်ကွက်စရာဘာများရှိမလဲ ပတ်ဝန်းကျင်က တိုက်ခိုက်လာရင်တောင် ကာကွယ်ပေးရမယ်မဟုတ်လား

"ငယ်"

ခေါ်သံအဆုံးမှာ လှည့်ကြည့်လာတဲ့ ကောင်လေးကြောင့် Yeol ပါးစပ်ပြန်မပိတ်နိုင်တဲ့ထိ အံ့သြသွားရတယ်
ဖြူဖွေးဝင်းမွှတ်နေတဲ့ မျက်နှာဝိုင်းလေးကို အထိုက်အလျောက်ခြယ်သထားတော့ အပြစ်ဆိုစရာမရှိအောင်ကို ပြည့်စုံလွန်းတယ်
တစ်ခါမှသပ်တင်မထားဖူးတဲ့ ဆံပင်အုပ်အုပ်လေးကို gelသုံးပြီးဘေးခွဲထားတာကြောင့် ဆံစပ်လှတဲ့ကောင်လေးရဲ့ နဖူးပြေပြေလေးက ထင်းနေရောပဲ
အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ ပထမဆုံးမြင်ဖူးပေမယ့် ဒီကောင်လေးကတော့ နတ်သားတစ်ပါး ဆိုတာထက် ကျော့ရှင်းလွန်းပါတယ်
Eye smile လေးတွေဖြစ်တဲ့ထိ ပြန်ပြီးရယ်ပြနေတဲ့ သတို့သားလောင်းလေး

"ကိုကို့အမျိုးသားလေးက ချောလိုက်တာ"

ပုခုံးနှစ်ဖက်ကိုအုပ်ကိုင်ပြီး အမွှမ်းတင်လိုက်တော့ "ကိုကို ကလည်း" ဆိုပြီး ပါးလေးတွေရဲတက်လာသေးတယ်

"ကိုကို ငယ် နှုတ်ခမ်းနီဖျက်လိုက်မယ်လေ"

"ဘာလို့လဲ ငယ်"

"ပါးပါးလေးဆိုပေမယ့် ငယ် မနေတတ်ဘူး"

သတို့သမီးလို လှလှလေးပြင်လို့မဖြစ်တော့ lipstick အကြည်လေး ဆိုးပေးသွားတာနေမှာ သေချာသတိထားကြည့်မိတော့ အရောင်လဲ့ပြီးစိုအိနေတဲ့ နှုတ်ခမ်းတစ်စုံ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now