Part 12

435 40 29
                                    

" ကိုကို့ ရဲ့ ငယ် - 12 "


Kyung Soo. China ကပြန်ရောက်ပြီ
ဟိုမှာ တစ်ပတ်လောက်တော့ နေလိုက်ရတယ် ဘိုးနဲ့ဘွားအလွမ်းပြေအောင်ပါတဲ့
လေယျာဉ်စီးရတော့လည်း ပင်ပန်းလို့အိပ်နေတာ ခေါ်သံတော့ကြားမိပေမယ့် နားထဲမှာမသဲကွဲဘူး

"ငယ် "

Yeol လို့ထင်ပြီးကာမှ နားကြားမှားတယ်ထင်ပြီး ပြန်အိပ်နေလိုက်တယ်

"ငယ် "

မျက်လုံးမပွင့်အောင် မှေးပြီးကြည့်လိုက်တော့ ကုတင်ဘေးမှာရှိနေတဲ့ Yeol

^ကိုကို ကဘယ်လိုရောက်နေတာလဲ အာ~ တီလေး ပြောလိုက်တာနေမှာ^

"ငယ် ထတော့လေကွာ"

"ဟင့် အိပ်ချင်သေးတယ်"

မျက်လုံးမဖွင့်ဘဲပြောနေတဲ့အပြင် Kyung Soo စောင်ကိုခေါင်းမြီးဆွဲခြုံလိုက်သေးတယ်

"ပင်ပန်းနေလို့လား"

"အွန်း "

"အကြာကြီးအိပ်ရင် ငယ် ခေါင်းကိုက်လိမ့်မယ်"

"ရတယ် ဒီနေ့တစ်ရက်ပဲ နော်.. နော်... "

"မရပါဘူး ထ "

"ဟွန့် အဲ့ ကိုကို ကလည်း ပင်ပန်းပါတယ်ဆို အိပ်ချင်..."

Yeol အိပ်ချင်မူးတူးနဲ့ စွာစိလန်အောင်ရန်တွေ့နေတဲ့ Kyung Soo နှုတ်ခမ်းသားအိအိလေးကို လက်နဲ့ဖွဖွလေး ထိလိုက်တယ်

"ရှူး~ တိုးတိုးနေ"

"အိပ်ချင်တယ်ဆိုနေ ကိုကို ရာ အကျင့်မကောင်းဘူး ငယ် ပင်ပန်းတယ်လို့ အိပ်ရေးလည်းမဝသေးဘူး ဟင့်~ ကိုကို ငယ် ထပ်အိပ်ချင်သေးတယ်လေ အကျင့်မကောင်းတဲ့လူကြီးရဲ့ ငယ့် ကို ကိုယ်ချင်းစာပါအုန်း "

လက်ကိုပုတ်ချပြီး မျက်လုံးမဖွင့်ဘဲ နှုတ်ခမ်းလေးထော်ပြီး ပွစိပွစိပြောနေတဲ့ လူသားပေါက်ပေါက်ဖောက်စက်လေး Kyung Soo

Yeol ကုတင်ခေါင်းရင်းဘက်မှာထိုင်လိုက်ပြီး
"ကိုကို့ ကိုခနမှီအိပ်"

# အသားမယူပါဘူး ကြာကြာလှဲနေတော့ ခေါင်းကိုက်မှာစိုးလို့ စေတနာနဲ့ပါ အဟမ်းးးးးးးးး

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now