Part 17

478 43 1
                                    

" ကိုကို့ ရဲ့ ငယ် - 17 "


"ကိုကို"

"ပြောလေ ငယ်"

"ပျင်းလိုက်တာ ဝှါး..."

Yeol ပုခုံးကိုမှီပြီး ကာတွန်းကြည့်နေရင်းက အပျင်းတွေဘာတွေဆန့်ပြီး ပြောနေတဲ့ Kyung Soo ရယ်

ပျင်းတယ်သာပြောတာ အငြိမ်ကိုမနေဘူး တစ်အိမ်လုံး သူ့ခြေရာချည်းပဲ
ဒီကြားထဲ Mart သွားချင်ပါတယ် လုပ်လို့လုပ် တကယ်ထိန်းမနိုင်တဲ့ ကလေး မဟုတ်ဘူး ကလေး လို့ပြောလို့မဖြစ်ဘူး လူကြီးပေါက်စ
Suho လာခေါ်မယ်ပြောထားတော့ Kyung Soo စိတ်ချလက်ချကိုနေနေတာ အိမ်ဘက်ကိုလှည့်တောင်မကြည့်ဖြစ်ဘူး

"ခြံထဲသွားမလား"

"အွန်း"

Kyung Soo. Yeol နောက် ယက်ကန်ယက်ကန်နဲ့လိုက်လာတယ်

အင့်~

Yeol နောက်ဘက်ကအသံကြားလို့ လှည့်ကြည့်လိုက်မှ မြက်ခင်းပေါ် ပြဲပြဲကွဲကွဲထိုင်ချလိုက်တဲ့ Kyung Soo ရယ်

"ငယ် ဘယ်လို..."

"ကိုကို လာထိုင်"

လက်ကိုဆွဲပြီး အတူထိုင်ခိုင်းတာနဲ့ Yeol ပါထိုင်လိုက်ရတယ်

နေမဝင်သေးပေမယ့် တိမ်တောက်နေတော့ မရမ်းသွေးရောင်ယှက်နေတဲ့ ကောင်းကင်ကိုကြည့်နေမိတယ် ချစ်ရတဲ့သူနဲ့အတူပေါ့

ခြံထဲကိုဝင်လာတဲ့ ကားသံကြားရပြီးနောက် မလှမ်းမကမ်းကိုရောက်လာတဲ့ Kris

"ဖေဖေ"

"အေး သား  Kyung Soo ရောက်နေတာကို"

"ဟုတ် အန်ကယ်"

"ဖေဖေ သွားနှင့်မယ်"

"ဟုတ်"

Kris ထွက်သွားကာမှ Kyung Soo တိုးဖွဖွစကားဆိုမိတယ်

"ကိုကို အန်ကယ် သိသွားရင်ဘယ်လိုလုပ်မလဲဟင်"

"မသိအောင်နေမှာပေါ့"

"ငယ် ကဖြစ်တယ်နော်"

"ကိုကို ကမနေနိုင်ဘူးလို့ပြောချင်တာလား"

"မသိဘူးလေ အဲဒါတော့လည်း"

ခနဲ့တဲ့တဲ့ပြောရင်း တစ်ဖက်လှည့်သွားတဲ့ Kyung Soo မျက်နှာဝိုင်းစက်စက်လေးကို Yeol အနီးကပ်လိုက်ကြည့်နေတယ်

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now