Part 15

553 41 16
                                    


" ကိုကို့ ရဲ့ ငယ် - 15 "

Yeol မနက်အစောကြီးနိုးနေတယ်
Kyung Soo ညလယ်လောက်ကမှ တစ်ခါလန့်နိုးထားတော့ ခုထိအိပ်နေတုန်းပဲ
ဖက်ထားတဲ့လက်ကတော့ နည်းနည်းပြေလျော့သွားပြီ

^ ငယ် သိလား
ဖုံးကွယ်ထားရတဲ့ ​ချစ်ခြင်းမေတ္တာတွေက ဘယ်လောက်ပူလောင်စေလဲဆိုတာ
ကိုကို အမှန်တရားက ရှိနေခဲ့တာကြာရောပေါ့
ငယ် နဲ့တွေ့တိုင်း ခိုးပြီးခုန်နေတတ်တဲ့ ကိုကို့ ရဲ့ရင်ခုန်သံတွေ ငယ် မကြားမိဘူးမဟုတ်လား
ကိုကို ငယ့် ကိုချစ်တဲ့အချစ်က မရိုးသားတာသိတဲ့အချိန်ကစ ကိုကို့ နှလုံးသားနဲ့ ခံစားချက်တွေကို အတတ်နိုင်ဆုံးလျစ်လျူရှုထားခဲ့တာ ငယ့် ရှေ့မှာထုတ်မပြမိအောင်နေခဲ့တာ
ငယ် ကကလေးတစ်ယောက်လိုပဲ ဖြူစင်တယ် အပြစ်ကင်းတယ် အဲဒါကြောင့် သန့်သန့်လေးပဲချစ်ချင်တယ်  ကိုကို အဲ့လိုမချစ်နိုင်တာကပဲ အပြစ်ဖြစ်နေလား
ကိုကို ငယ့် ကိုချစ်တာမှန်ပေမယ့် ဖွင့်ပြောလိုက်ရင် ငယ့် ကိုပါဆုံးရှုံးရမှာကြောက်လို့
ငယ့် ခံစားချက်တွေကို ထည့်မတွက်ဘဲ ငယ့် ကိုဆုံးရှုံးရမှာကြောက်တာ တစ်ခုတည်းနဲ့တင် ငယ့် ကိုမသိစေချင့်ခဲ့တာ
ငယ် ကိုယ်တိုင် လိုလိုလားလားဖွင့်ပြောလာတော့ ကိုကို တွေဝေနေမိတယ်
' ငယ့် ကိုညီလေးတစ်ယောက်လိုပဲ ချစ်ခဲ့တာ ' ဆိုတဲ့စကားနောက်မှာ မပြောဖြစ်ခဲ့တဲ့စကားတွေ အများကြီးရှိတယ် မရည်ရွယ်မိဘဲ ငယ့် ကိုသံယောဇဥ်နဲ့ အချစ်ကိုပါရှင်းပြမိခဲ့တဲ့ထိပဲ
ငယ့် နောက်ကိုလိုက်မလာမိခဲ့တာလည်း နောင်တရတယ် ငယ် ကိုကို့ ကြောင့်ပထမဆုံး ထိခိုက်မိခဲ့လို့
ဖြစ်နိုင်ရင် ကိုကို ကွယ်ဝှက်ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာရဲ့တခြားတစ်ဖက်ကို ငယ် သိလာမှာပါ ^

"အင့်~ "

Kyung Soo ညည်းသံလေးထွက်လာပြီး လှုပ်စိစိနဲ့နိုးလာတယ်
ဘေးကိုကြည့်လိုက်တော့ Yeol

"မား ရော"

"ငယ် စားဖို့တစ်ခုခုသွားဝယ်တယ်"

"အွန်း ဝှါး........"

လက်တွေဆန့်ပြီး အကြောလျှော့ရင်းသမ်းနေတာ ပြီးမှငုတ်တုပ်ထထိုင်တယ် အိပ်ချင်မူးတူး စူပုပ်ပုပ်ရုပ်နဲ့ ထပြောပြန်ပြီ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now