Part 20

444 34 7
                                    

" ကိုကို့ ရဲ့ ငယ် - 20 "


လျှောက်ပြေးနေရင်းက တစ်နေရာရောက်တော့ Kyung Soo ချက်ချင်းရပ်သွားတယ်
အမြင်တစ်ဆုံးရှိနေတဲ့ နေကြာရိုင်းတွေ ရှိနေတဲ့နေရာ
အစကစိုက်ခင်းတစ်ခုပေမယ့် ပန်းခြံကဝယ်ထားပြီး မပြုပြင်ရသေးပဲ ရှိနေတာ

"wow~ လှလိုက်တာ"

"ငယ် သဘောကျလို့လား"

"အွန်း"

ရှေ့ကပြေးသွားတဲ့ Kyung Soo နောက်ကို Yeol မီအောင်ပြေးလိုက်ရင်း မျက်ခြေပြတ်သွားတယ်

"ငယ်.. ငယ် ဘယ်မှာလဲ"

နေကြာရိုင်းတွေက Yeol နဲ့ဆို ရင်စို့လောက်ရောက်နေတာ Kyung Soo သာဆို ပျောက်သွားနိုင်ခြေရှိတယ်

"ငယ်"
အော်ခေါ်နေပေမယ့် သစ်ရွက်ခတ်သံကလွဲရင် ဘာမှမကြားရ

"ငယ် ဘယ်မှာ..."

"ဒီမှာ ဟီး😁"

Yeol နောက်ကနေ 'အင့်' ခနဲနေအောင် အဖက်ခံလိုက်ရတယ်
^သေချာတယ် နှစ်ယောက်မရှိတဲ့ ငယ် ပဲ^

တကယ်တော့ Kyung Soo စချင်လို့ပုန်းနေတာ ပုန်းတယ်ဆိုပေမယ့် ခေါင်းနည်းနည်းငုံ့လိုက်ရင် ပျောက်သွားတာ အရပ်ကရှည်တော့😆

Yeol နောက်ကကောင်လေးကို ရှေ့ကိုဆွဲလှည်လိုက်ရင်း
"ငယ် အဆိုးလေး ပဲ"

"မဆိုးပါဘူး ကိုကို ကလည်း"

ခေါင်းလေးမော့ပြီး နှုတ်ခမ်းတထော်ထော်နဲ့ ပြန်ပြောတဲ့ Kyung Soo

"ငယ့် ကိုမတွေ့လို့စိတ်ပူသွားတာ လျှပ်ပြာလျှပ်ပြာနဲ့ ချော်လဲနေပြီလား မဟုတ်ပဲ လမ်းပျောက်သွားရင်ရော ဘယ်လိုလုပ်မလဲ"

"ကြံဖန်ပြီးစိတ်ပူတတ်လိုက်တာ လမ်းပျောက်ရအောင် ငယ် ကကလေးမလို့လား"

"ခုနပဲ ကလေး ဆို"

"မဟုတ်ဘူး လူကြီး"

"အဲဒါဆို လူကြီးအဆိုးလေး"

"ကိုကို တစ်ယောက်တည်းကိုပဲဆိုးမှာလေ"

"ငယ် ကြိုက်သလောက်ဆိုးလို့ရတယ် ကိုကို စိတ်ပူရအောင်တော့ မလုပ်နဲ့"

"ဟုတ်"

Kyung Soo ခေါင်းငြိမ့်ရင်းပြောတော့ Yeol. Kyung Soo ခေါင်းကို ဖွဖွပုတ်လိုက်တယ်

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now