Part 19

422 40 9
                                    

" ကိုကို့ ရဲ့ ငယ်- 19 "


Kyung Soo တစ်ယောက်တည်းနေ့လည်စာစားဖို့ ကန်တင်းသွားတဲ့လမ်းမှာ နောက်ကနေ မျက်လုံးကိုမှိတ်ခံလိုက်ရတယ်
Baek လည်းမဖြစ်နိုင်ဘူး Sehun နဲ့ပါသွားတယ် လမ်းမှာလည်း လူဒီလောက်များနေတော့ ခန့်မှန်းလို့မရ သိတဲ့သူကလည်း များများမရှိသေးဘူး ခုမှတစ်ပတ်ပဲရှိသေးတော့

Kyung Soo ဘာမှမတုန့်ပြန်ဘဲ ငြိမ်နေလို့ဖြစ်မယ် မျက်လုံးကိုမှိတ်ထားတဲ့လက်က တဖြည်းဖြည်းလျော့လာပြီး ဘေးကိုငဲ့ကြည့်လာတဲ့ တစ်စုံတစ်ယောက်

"ငယ် ကမမှတ်မိဘူးပေါ့"

လည်တိုင်နားအပ်ပြီး တိုးဖွဖွပြောလာတဲ့ စကားကြောင့် Kyung Soo လှည့်ကြည့်မိတော့ နည်းနည်းလေးပဲဝေးတော့တဲ့ မျက်နှာနှစ်ခု

"ကိုကို"

"အင်း"

"ဘယ်လိုရောက်လာတာလဲ"

"ကျောင်းပြေးလာတာ😁"

"ကျောင်းပြေးရအောင် ကိုကိုကကလေးလား"

"ငယ့် ကိုတွေ့ချင်လို့လေ"

^စူပုပ်ပုပ်လေးနဲ့ ကိုကို ကကလေးလိုပဲ တစ်ခါလောက် ဆူလိုက်ဦးမှ^

"ငယ့် ကိုတွေ့ချင်ရင် ကျောင်းပြေးရတယ်ပေါ့"

"မဟုတ်ဘူးလေ ဟိုဟာ..."

"ဘယ်ဟာလဲ"

"ငယ့် ကိုလွမ်းလို့လေ အရမ်းတွေလွမ်းနေတာ စာလည်းအာရုံမစိုက်နိုင်လို့ လာခဲ့တာကို ငယ် ကစိတ်ဆိုးတာလား"

"မဟုတ်ပါဘူး စတာ😛"

"မစနဲ့"

^စူပုပ်ပုပ်နဲ့ တကယ့်ကလေးရုပ်^

"အွန်း ထမင်းသွားစားရအောင် ငယ် ဗိုက်ဆာနေပြီ"

Kyung Soo. Yeol လက်ကိုဆွဲပြီးခေါ်လာခဲ့တယ် လမ်းလယ်ခေါင်ကြီးမှာဆိုတော့ နည်းနည်းရှက်စရာကောင်းသား

*************************

ဘုတ်~

Yeol ထမင်းစားနေတုန်း နောက်ကနေလှမ်းရိုက်တာ ခံလိုက်ရတော့ စားနေတာတောင်နင်သွားတယ်

"ကိုကို ရေသောက်"

Kyung Soo. Yeol ကျောကိုပုတ်ပေးနေတာ လူကြီးလေးကျနေတာပဲ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now