Part 4

643 60 8
                                    

" ကိုကို့ ရဲ့ ငယ် - 4 "

"ငယ် မုန့်စားတာမပြီးသေးဘူးလား "

"နေပါအုန်း ကိုကိုကလည်း "

"မရဘူး လာတော့ စာလုပ်ရမယ် "

"ဟွန့် လာမယ်လာမယ် "

ကုတင်ပေါ်မှာ မုန့်ထုပ်တွေကြားကနေ အချိုရည်ဘူးတစ်ဗူး ပါအောင်ယူလာပြီး ခြေဆောင့်လာနေတဲ့ Kyung Soo. Yeol ဘေးနားရောက်တဲ့ထိ နှုတ်ခမ်းစူနေတုန်း

"ငယ် "

"အွန်း "

"အဲဒါကုန်အောင်သောက်လိုက် "

"ဘာဖြစ်လို့လဲ ကိုကိုကလည်း "

မျက်လုံးကိုထောင့်ကပ်ပြီး ဂျိုကြည့်နဲ့မေးတဲ့ Kyung Soo ဘာရုပ်လေးမှန်းကိုမသိဘူး

"ပြီးရင်စာလုပ်ရမယ်လေ ငယ် ရဲ့ "

"ဒီနေ့ စာလုပ်စရာမရှိဘူး "

"ဘာလို့မရှိတာလဲ "

"ငယ် ကျောင်းမှာစာလုပ်ခဲ့တယ် "

"တကယ်လား ကိုကို့ ကိုမညာနဲ့ "

"တကယ် ကိုကို့ ကိုစိတ်ဆိုးပြီးတော့... "

"အော် ငယ် က ကိုကို့ ကိုစိတ်ဆိုးပြီး စာကိုအပြစ်ပုံချတယ်ဆိုပါတော့ "

"ဟုတ်တယ် "

"အဲဒါဆို နောက်ကျရင် ငယ့် ကိုစိတ်ဆိုးအောင်လုပ်ရတော့မယ်ထင်တယ် "

"လုပ်လေ မခေါ်ဘဲနေပစ်မှာ ဟွန့် "

Yeol ကိုမျက်စောင်းထိုးပြီး မုန့်စားနေတုန်း စိတ်ထဲရောက်လာတဲ့ စိုးရိမ်စိတ်တွေက တဖွားဖွား

^ကိုကို စိတ်ဆိုးအောင်လုပ်တာ အရေးမကြီးဘူး ပြန်မချော့ရင် ဘယ်လိုလုပ်မလဲ အဟင့် ငိုချင်လာပြီနော် ဒီပါးစပ်ကလည်း ဘာလို့ရောင်ပြီး ထွက်သွားလဲမသိဘူး ကိုကို ကလည်းဘာမှပြန်မပြောသေးဘူး တစ်ခုခုတော့ပြန်ပြောပါ ကိုကို ရယ်^

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Dove le storie prendono vita. Scoprilo ora