Part 14

463 44 3
                                    

" ကိုကို့ ရဲ့ ငယ် - 14 "


Baek. Kyung Soo ကိုနှစ်ယောက်တည်းကြားရုံ လေသံလောက်နဲ့ မေးလိုက်တယ်

"ငါ့ကို ပြောပြမယ်မဟုတ်လား"

"အင်း ပြီးရင်"

"အန်တီ ဆရာဝန်နဲ့ သွားတွေ့ရမှာမလို့ သား တို့အတူရှိနေကြနော်"

"ဟုတ် စိတ်ချပါ အန်တီ
သား Kyung Soo အနားမှာပဲရှိနေပေးမယ်"

"အေး သား "

Suho ထွက်သွားတော့မှပဲ Baek ပြန်မေးရတော့တယ်
နှစ်​ယောက်ကြားမှာ လျှို့ဝှက်ချက်မရှိဘူး သက်တူရွယ်တူညီအကိုတွေပေါ့ တစ်ယောက်ခံစားချက်ကို တစ်ယောက်က လေးလေးနက်နက်နားထောင်ပေးတယ်

"ဘယ်လိုဖြစ်တာလဲ"

"ငါ.. ငါ ကိုကို့ ကိုဖွင့်ပြောလိုက်တာ"

"တွေးတော့တွေးမိသားပဲ ငါနဲ့တော့တိုင်ပင်သင့်တာပေါ့"

"ငါလည်း မရည်ရွယ်ဘဲပြောလိုက်မိတာ"

"အင်း သူ့ဘက်ကရော"

"တွေ့တဲ့အတိုင်းပဲ"

"သူ လက်မခံနိုင်သေးတာနေမှာပါ"

"မသိဘူး"

"အဲဒါဆို ဒီကိုဘယ်လိုရောက်လာတာလဲ"

"လူတစ်ယောက်ဆေးရုံပို့ပေးတာလို့ မား ပြောတယ်"

အားနည်းနေသေးတော့ စကားများများပြောလိုက်လို့နေမယ် ရင်ဘတ်နိမ့်ချည်မြင့်ချည်နဲ့ မောနေပုံရတဲ့ Kyung Soo ကိုကြည့်ပြီး Baek စိတ်မကောင်းဖြစ်မိတယ်

"တော်သေးတာပေါ့ သူလာသေးလား"

"လာတယ် မင်းမလာခင်ကမှပြန်သွားတာ"

"မင်းကလေ ကိုယ့်ကိုယ်ကိုအဲ့လောက်ဂရုမစိုက်ရလား"

"သူ့ဟာသူဖြစ်သွားတာလေ အော်..."

"ထားပါတော့ ဘာစားပြီးပြီလဲ"

"ဆန်ပြုတ်"

"ခုတော့ ဆန်ပြုတ် သောက်နေရပြီပေါ့ ဟား..."

"မရယ်နဲ့ နေပြန်ကောင်းမှအသေရိုက်ပစ်မယ်"

"အရင်အားမွေးလိုက်အုန်း"

"မင်းတော့လေ "

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now