ep(17)

12.2K 1.6K 250
                                    

နိုးနိုးချင်း နှာခေါင်းထဲသို့
စူးကနဲဝင်လာသော ဆေးနံ့က
ခေါင်းပင်မူးသွားစေသည်..။

ဘေးနားတွင် ကျွန်တော့်လက်ကို
ကိုင်ထားသော အမေ့ကို တွေ့သည်နှင့်

''ကျွန်တော်
ဘယ်ရောက်နေတာလည်း''

''ဆေးရုံလေ..သားရဲ့..''

''ဆင်းလို့ရပြီလား..''

''နည်းနည်းတော့ နေရဦးမှာပေါ့..''

''ဘယ်သူဆေးရုံ
လိုက်ပို့ပေးတာလည်းဟင်..''

''အမေပေါ့..''

''အဲ့ဒါဆို ဂျောင်ကုရော..
ဂျောင်ကုဘယ်မှာလည်း...''

ထယ်ယောင်းအမေဖြစ်သူမှာ အနည်းငယ်ပျက်သွားသော
မျက်နှာကို အချိန်မှီထိန်းလိုက်ပြီး...

''အိမ်မှာပေါ့ သားရဲ့..''

''ကျွန်တော် ဒီမှာမနေချင်တော့ဘူး။ဆေးရုံအနံ့ကြီးကို မကြိုက်တာ
အမေလည်းသိရဲ့သားနဲ့။နော်လို့
သားအခု ဆေးရုံက ဆင်းချင်တယ်..''

ဆေးရုံအနံ့မခံနိုင်သည့်သားကြောင့် အခုနေနေသည့် အိမ်ကို သူမတို့ ပြောင်းလာခဲ့ရခြင်း..။
ဆေးရုံတက်တိုင်း
အမြဲနားပူနားဆာတိုက်တက်သည့် သားက အခုလည်း ထိုသို့ပဲ..။

''အင်းပါ သားရယ်..
အမေ.. ဆရာဝန်တွေကို
ပြောကြည့်ပါဦးမယ်..''

တစ်ညလုံးသတိမေ့နေသည့်သားကို ဖြစ်နိုင်ရင် သူမ
ဆေးရုံမဆင်းစေချင်သေးပါ...။
သို့သော် သားဖြစ်သူ၏ပူဆာမှုကြောင့် ဆရာဝန်ကြီးများအား နားချပြီး
ဆေးရုံဆင်းရဖို့အရေး
မနည်းတောင်းပန်လိုက်ရသည်။
ဆေးရုံမှဆင်းလို့ရပြီဟု သိသည့်အခါ သားလေးမျက်နှာက ပျော်မြူးလို့။

ဆေးရုံဆင်းဖို့
ပစ္စည်းတွေသိမ်းနေသည့်အခါလည်း တက်တက်ကြွကြွနှင့်
ကူသိမ်းပေးနေသေးသည်။
အပြန်လမ်းတစ်လျှောက်လုံး
ရင်ထဲနေလို့မကောင်း။
အိမ်ရောက်သည့်အခါ
ဂျောင်ကုရဲ့အခြေအနေကို မြင်ရင်
ဖြစ်သွားမည့် သားဖြစ်သူ၏ပုံစံကို တွေးကြည့်ရင်းနှင့်ပင် ဝန်လေးသည်..။

တဖြည်းဖြည်းနှင့်
ခြံဝန်းနှင့်နီးလာသလို၊
မသက်မသာဖြစ်လာသော စိတ်က သူမကိုအစိုးမရစေသည်..။

My Wolf ( Completed )Where stories live. Discover now