''ထယ်ထယ်''
''ဘာ!!!!''
''သွားဂျောင်ကု ငါမင်းကိုမခေါ်တော့ဘူး''
ငါ့လိုမျိုးလူကိုများထယ်ထယ်တဲ့။မိန်းကလေးဆန်လိုက်တာ တကယ်ပဲ။အူကြောင်ကြောင်ကောင်။သေတောင်ဒင်းကိုမခေါ်ဘူး။
ထိုအဖြစ်အပျက်ဖြစ်ပြီးကတည်းကညနေအထိထယ်ယောင်းကမျက်နှာတည်တည်ကြီးဖြင့်နေ.နေလေသည်။ဂျောင်ကုကတော့ထုံးစံအတိုင်းထယ်ယောင်းနားတကပ်ကပ်။ထယ်ယောင်းကတော့ဂျောင်ကုလာလျှင်ဟိုဘက်ထွက်သွားဒီဘက်ထွက်သွားဖြင့်သာရှောင်နေလေသည်။
သည်လိုနှင့်ညနေထမင်းစားချိန်ရောက်လာသည်။ထယ်ယောင်းကစားလို့အမိန့်မပေးတော့ဂျောင်ကုမှာဘာမျှမနှိုက်။ထယ်ယောင်းကိုသာပြူးကြောင်ကြောင်လေးကြည့်နေလေသည်။ဤသည်ကိုသိသည့်ထယ်ယောင်းကလည်းပေပြီးစားဟုမပြော။
''သားဂျောင်ကုကိုစားလို့ပြောလိုက်လေ''
''ဟုတ်တယ်အကိုကြီးသူလည်းဗိုက်ဆာနေရောပေါ့''
ထိုအခါထယ်ယောင်းကမပြောချင်ပြောချင်သည့်မျက်နှာဖြင့်စားဟုတိုးတိုးလေးပြောသည်။
ဂျောင်ကုကတော့လူတစ်ယောက်လိုထမင်းကိုကောင်းကောင်းမွန်မွန်စားတတ်နေလေပြီ။
မိသားစုတီဗွီကြည့်သည့်အခါဂျောင်ကုကကုပ်ကုပ်ကလေးထယ်ယောင်းနားလာသည်။ထယ်ယောင်းကတော့ဂျောင်ကုကိုသူ့လက်ဖြင့်တွန်းလွှတ်သည်။နည်းနည်းမျှမရွေ့သဖြင့်သူဘဲစိတ်တိုပြန်သည်။စိတ်တို၍ဂျောင်ကုနောက်ကျောကိုအားဖြင့်ထုရိုက်ကာသူ့အခန်းထဲဝင်သွားလေသည်။ဂျောင်ကုမှာတော့တီဗွီကိုစျာန်ဝင်နေသည့်ပုံ။ဘာမှမသိ။
ထိုအရာကိုအကုန်လုံးမြင်သည့်ဆိုယွန်းကနှာခေါင်းရှုံ့သည်။
''မသိရင် ရီးစားတွေကျနေတာပဲ''ညဘက်ဆို သွားတိုက်ပြီးအိပ်ဖို့ထယ်ယောင်းက သင်ထားသည့်အတွက်
ဂျောင်ကုကသွားတိုက်ရန်
ထယ်ယောင်းအခန်းသို့တံခါးခေါက်သည်။''ဒီနေ့သွားမတိုက်နဲ့ သွားအိပ်တော့''
အခန်းထဲမှထယ်ယောင်း၏ခပ်စူးစူးအော်သံ။
YOU ARE READING
My Wolf ( Completed )
Fanfiction"မင်းဘာသာ သမန်းဝံပုလွေမကလို့ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ငါဂရုမစိုက်ဘူး ဂျောင်ကု...'' ''မင်းဘာသာ သမန်းဝံပုလွေမကလို့ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ငါဂရုမစိုက်ဘူး ဂျောင်ကု...'' Taekook♥ Top-kook Bottom-tae