ep(5)

15.1K 1.9K 182
                                    

ရေချိုးပြီးပြန်လာတဲ့
လမ်းတစ်လျှောက်လုံး လေတွေက တိုက်နေတော့အရမ်းအေးတာပဲ..။
ဂျောင်ကုကိုကြည့်လိုက်တော့
ဖြုံတောင်မဖြုံ။အေးလွန်းလို့
ခန္ဓာကိုယ်ကိုကျုံ့သထက်ကျုံ့ပြီး
လက်နှစ်ဖက်ကိုခြုံထားတဲ့တဘက်ထဲဝှက်ထားမိသည်အထိ..။ဘေးနားကကပ်လျှောက်လာသောခြေသံကိုမကြားရတော့သည့်အခါ အနောက်ကိုလှမ်းကြည့်မိသည်..။

''ရား...ဂျောင်ကု အေးပါတယ်ဆိုမြန်မြန်မလျှောက်-''

စိတ်တိုတိုနှင့်ရေရွတ်ရင်းသူ့ဆီလျှောက်သွားသည့်အခါသူခြုံထားသောတဘက်ကိုကျွန်တော့်အပေါ်ထပ်ခြုံပေးသည်။

''ဂျောင်ကုမင်းအေးနေမှာပေါ့''

တွေးစစလေးပြောတော့သူကပြုံးပြသည်။စကားမပြောသည့်ဂျောင်ကုကအမူအရာတွေနှင့်ပဲတုံ့ပြန်သည်။အခုလည်းသူ'အဆင်ပြေပါတယ်'ဆိုတဲ့သဘော...။

''ဝါးးဂျောင်ကုကီလေးကတော်လိုက်တာ''

ပြောရင်းကျွန်တော်သူ့ခေါင်းကိုပွတ်သပ်ပေးသည်။

''လာ ဂျောင်ကုမင်းအအေးပတ်လိမ့်မယ် အမြန်သွားရအောင်''

ပြောပြီးသည်နှင့်ကျွန်တော်ကပြေးတော့ သူကလည်းပစ္စည်းတွေဆွဲရင်း ဘုမသိဘမသိလိုက်ပြေးသည်။

''ကောင်လေး''

ပြေးနေသည့်လမ်းကိုပိတ်ရပ်သည့်လူသုံးယောက်။

''ဘာကိစ္စလမ်းပိတ်ထားတာလည်း ဖယ်!!''

ထိုအထဲမှခေါင်းဆောင်ဖြစ်သူကရီဝေဝေမျက်လုံးများဖြင့်စိုက်ကြည့်ရင်းဆိုသည်။

''ကောင်လေးတစ်ယောက်ထဲကို
စိတ်မချလို့လေ''

''သေချင်နေတာလား ခွေးကောင်!!''

''ဟာ...အစွာလေးပဲ''

''ဖယ်မှာလား..မဖယ်ဘူးလား''

''အရမ်းအေးနေတယ်ထင်တယ်.. နှုတ်ခမ်းတွေကတုန်နေပါ့လား''

ပြောရင်းနှုတ်ခမ်းကိုလက်လှမ်းလာ
သည့်အခါကိုက်မည်အပြု ထိုလက်ကိုပုတ်ထုတ်လိုက်သောလက်တစ်စုံ..။ထို့နောက်ကျယ်ပြန့်သောနောက်ကျောပြင်ရှိသည့်လူက အရှေ့ကိုရောက်လာပြီးကျွန်တော့်ကိုသူ့အနောက်သို့ပို့သည်။

My Wolf ( Completed )Where stories live. Discover now