ep(19)

13.6K 1.7K 453
                                    

အချိန်များက
တရွေ့ရွေ့ကုန်ဆုံးလာလေပြီ...။

အပေးအယူဖြစ်ထားသည့်
နှစ်ပတ်ဟူသည့်အချိန်လေးက
အခုတော့ ဘာမှမဟုတ်သလို။

ဝံပုလွေဖမ်းသည့် အဖွဲ့က လူများက ပစ္စည်းများကို သိမ်းတဲ့လူက သိမ်း၊
တချို့တလေက ရွာထဲမှ လူများနှင့် နှုတ်ဆက်စကားများပြောလိုပြောနှင့်
ယောက်ယက်ခတ်နေသည့်
ထိုအခြေအနေကို ဂူဒုံဂျူ
လက်မခံနိုင်သေး။

''ခင်ဗျားတို့ ဘာလုပ်နေကြတာလည်း
တရုန်းရုန်းနဲ့...''

''နှစ်ပတ်လည်း ပြည့်တော့မှာဆိုတော့ အိမ်ပြန်ရတော့မယ်လေကွာ။
အဆင်သင့်ဖြစ်အောင်လို့
ပစ္စည်းတွေသိမ်းနေကြတာ။ပြီးတော့ ကိုယ့်အသိတွေကို လိုက်ပြီး
နှုတ်ဆက်နေကြတာလေကွာ။အင်း..နေတာကြာတော့လည်း
မိသားစုတွေလိုတောင် ဖြစ်နေပြီ....''

''နေပါဦး ဟိုဝံပုလွေအကောင်ကို
ဖမ်းဖို့ စိတ်ကူးမရှိတော့ဘူးလား..''

''ငါတို့ အထင်လွဲနေတာလည်း
ဖြစ်နိုင်တာပဲလေ။ သူက
ဝံပုလွေဆိုစေဦးတော့ အခုထိ
သူပုံပြောင်းတာကို မြင်မှမမြင်ဖူးတာ။လပြည့်လကွယ်တွေလည်း
စောင့်ကြည့်ကြတာပဲ တစ်ခါမှလည်း ဝံပုလွေပုံမပြောင်းသွားဘူး။ငါတို့လည်း တခြားအလုပ်တွေရှိသေးတယ်။ဒီရွာမှာပဲ သောင်တင်မနေနိုင်ဘူးကွ''

ထိုလူကြီး၏ ရှင်းပြချက်အပြီး
ဂူဒုံဂျူ ခံပြင်းသွားသည်။

ဒီဝံပုလွေအကောင်က
လွတ်သွားတော့မှာလား။

ငါနဲ့ထယ်ယောင်းကရော
နီးစပ်ခွင့်မရှိတော့ဘူးလား။

''ငါအဲ့ဒီလို လုံးဝအဖြစ်ခံမှာ
မဟုတ်ဘူး''

=======

''ဦးလေးကြီး ကျွန်တော် ဂျောင်ကုနဲ့ တွေ့ချင်လို့ တံခါးဖွင့်ပေးပါဦး...''

တံခါးဖွင့်ပေးလိုက်သည့်အခါ အထဲသို့ တဟုန်ထိုးပြေးဝင်သွားသော
ကောင်လေးကို အတင်းအော်ခေါ်ကာမှ အနောက်သို့လှည့်ကြည့်လာသည်။

''ဟိတ်... ကလေး..ဟိတ်..''

ထိုအခါမှ အူတူတူလေးလှည့်ကြည့်လာပြီး သူ့ကိုယ်သူ လက်ညိုးထိုးပြကာ..
''ကျွန်တော့်ကိုခေါ်တာလား''တဲ့..။

My Wolf ( Completed )Where stories live. Discover now