ep(8)

13.9K 1.8K 44
                                    

''ထယ်ထယ်''

''အရမ်းလှတယ်''

ခါတိုင်းထက်လေးနက်နေသောမျက်ဝန်းများနှင့်ပြောနေသည့်
ဂျောင်ကုကြောင့် မအံသြပဲမနေနိုင်..။
ဂျောင်ကုဆီကနေ သူစကားတွေအများကြီး ကြားချင်ခဲ့ဖူးသည်..။သို့သော် ဂျောင်ကု ပထမဆုံးစပြောသည်က မိန်းကလေးဆန်လွန်းသည့်
'ထယ်ထယ်'ဟူသည့်နာမည်..။
ယခုလည်း မိန်းကလေးများအား
ပြောသည့်အခါတွင် သုံးနှုန်းသည့်စကားအတိုင်း'အရမ်းလှတယ်'တဲ့...။

ဂျောင်ကုဆီမှ ထွက်လာသမျှ စကားလုံးတိုင်းက
မိမိတစ်ယောက်ထဲနှင့်ပဲ
သက်ဆိုင်နေသည့်အတွက်
ကျေနပ်မိပေမဲ့
မိန်းကလေးတစ်ယောက်အား
သုံးနှုန်းသည့်စကားလုံးများ
ဖြစ်နေသည့်အတွက် သူစိတ်တိုသည်..။

''ငါမိန်းကလေးမဟုတ်ဘူး ဂျောင်ကု
နောက်တစ်ခါအဲ့လိုပြောရင် မင်းကိုငါတစ်သက်လုံးစကားမပြောဘူး!!!''

ဇာတ်လမ်းတွဲကြည့်နေရင်း
သားဖြစ်သူ၏ အခန်းတံခါးအား အကြမ်းပတမ်းပိတ်လိုက်သံကြောင့် ကင်ဂျီယွန်းလန့်သွားသည်..။

အပြင်သို့ကြည့်လိုက်သည့်အခါ
အိမ်ဘက်သို့ အမောတကော
မပြေးရုံတမယ် လျှောက်လာသော ဂျောင်ကုကို တွေ့သည်..။

ကလေးနှစ်ယောက်
ရန်ဖြစ်ကြတာလား..။

===

ထယ်ယောင်းသည် ရှေ့တည့်တည့်မှ မှန်ကိုကြည့်ပြီး ပါးစပ်ကလည်း
ဂျောင်ကုကို ပွစိပွစိဆဲဆိုကာ
ပါးစပ်ထဲမှ သွားတိုက်တံကိုသာ
ဂျောင်ကုအမှတ်ဖြင့် အကြမ်းပတမ်းတိုက်နေလေတော့သည်..။

အိပ်ခါနီး ခြေလက်သန့်စင်
သွားတိုက်ပြီးသည်နှင့် အခန်းထဲ
ဝင်လာသည့်အခါ အဆင်သင့်
ခင်းထားပြီးဖြစ်နေသော အိပ်ရာနှင့် ထိုအိပ်ရာဘေးတွင် မိမိကို
မော့ကြည့်ကာပြုံးပြနေသောဂျောင်ကု။

''ဘာလည်း ငါကမင်းကို
အိပ်ရာလေး ခင်းပေးရုံနဲ့
စိတ်ဆိုးပြေမယ်ထင်နေလား''

ဂျောင်ကုကိုမကြည့်ဘဲ အဝတ်ဗီရိုထဲမှ အဝတ်များကိုသာ ဟိုရှာဒီရှာလုပ်ရင်း ခပ်တည်တည်မျက်နှာထားနှင့်
ပြောနေသော ထယ်ယောင်း..။

My Wolf ( Completed )Where stories live. Discover now