Extra

17.3K 1.9K 293
                                    

အနာဂတ်ကိုလည်း မတွေးရဲဘူး..
အတိတ်ကိုလည်း မေ့ထားမိတယ်..
ဘာလို့ဆို..
ဂျောင်ကုနဲ့အတူရှိနေတဲ့
အခုလက်ရှိပစ္စုပ္ပန်လေးကိုပဲ ကျွန်တော်မြတ်နိုးတာမို့...။

========

ဖုန်းကနေ အဆက်မပြတ်
မြည်လာသော alarmသံကြောင့်
စောင်ထဲမှ မထချင်သေးပေမဲ့ အတင်းကုန်းရုန်းထလာခဲ့ရသော ကျွန်တော်..

တံခါးအပြင်ဘက်ကိုထွက်လိုက်တော့
မနက်ခင်းဝေလီဝေလင်း၏ အေးစက်စက်လေထုက
ကြိုဆိုပြန်သည်...။

လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်ရင်း
''အားရှီး...အေးလို့သေတော့မှာပဲ..''

မိုးမလင်းသေးသည့်အတွက်
မြင်ကွင်းတိုင်းက ဝိုးတဝါးမသဲကွဲစွာ မှောင်ပိတ်နေဆဲ...။

''ဂျောင်ကုရေ...ဂျောင်ကု...''

အိပ်စုံမှုန်မွှားကျွန်တော့်အသံကို ကြားသည်ထင်
အသံလေးပြန်ပေးသည်...။

''ထယ်ထယ်...ကျွန်တော်..ဒီမှာ...''

သူ့အသံရှိရာဆီ
မှန်းဆပြီးလိုက်သွားတော့ ထင်သည့်အတိုင်း ပန်းပင်တွေကို ရေဖြန်းလို့...။

''ဂျောင်ကုရာ...
စောစောစီးစီး အေးကအေးနဲ့
ရေ​ေတွဘာလို့လောင်းနေတာလည်း...''

''ရေလောင်းမှ ပန်းပွင့်မှာပေါ့...
ပန်းပွင့်ရင်ထယ့်ထယ့်ကိုပေးမလို့လေ''

ခင်ဗျားတို့တော့မသိ....
စကားအရမ်းတတ်လာတဲ့ဂျောင်ကုက
အခုတလော အပြုံးနှင့်တလှည့်
စကားနှင့်တလှည့် အပီခြွေနေတာမို့
ကျွန်တော့်မှာ
ဆွံ့အရပေါင်းလည်းမနည်း..။

အခုလည်း အဲ့ဒီစကားကြောင့်
ဆူငေါက်မလို့ပြင်ထားတဲ့
စကားလုံးတွေက လေထဲမှာ
ကြက်ပျောက်ငှက်ပျောက်
ဖြစ်သွားရပြန်ပြီ...။

''ဂျောင်ကု မင်းငါ့ကိုနှိုးလည်းမနှိုးဘူး
ဆိုယွန်း လက်ထပ်ပွဲကိုတော့ နောက်ကျမှရောက်တော့မှာပဲ...''

လေသံက နည်းနည်း
ချွဲပျစ်သွားသည်ထင်
လက်ထဲမှရေပိုက်ကိုချပြီး ပြုံးစိစိမျက်နှာပေးနှင့် အနားကပ်လာကာ..

''ထယ်ထယ်..ညက
အရမ်းပင်ပန်းသွားလို့လေ''တဲ့...

''ရား!!အစုတ်ပလုတ်ဂျောင်ကု...''

My Wolf ( Completed )Where stories live. Discover now