ep(16)

13K 1.6K 164
                                    

အခန်းထဲမှ အခုအထိ မထသေးသော အကိုဖြစ်သူအား ဆိုယွန်း
စိတ်မရှည်စွာ အသံကျယ်ကြီးဖြင့် အော်နိူးနေပါသော်လည်း တုတ်တုတ်မျှမလှုပ်။

''အိပ်ချင်ယောင်ဆောင်နေသော
သူအား နှိုးရခတ်၏''ဟူသော
စကားပုံအတိုင်း တကယ်ကို
အကိုဖြစ်သူအား အနှိုးရခတ်လှသည်။

''ကိုကြီးမှ ဆင်းမလာရင်
အကိုဂျောင်ကုက
ထမင်းစားတော့မှာ မဟုတ်ဘူးနော်။
အဲ့ဒါကြောင့်
အိပ်ချင်ယောင်ဆောင်မနေတော့ဘဲ ထတော့လို့...''

''အေးပါဟာ ထမယ် ထမယ်..''

အကိုဂျောင်ကုအကြောင်းပါလာမှ ဆောင့်ကြီးအောင့်ကြီးနှင့် ထလာသော အကိုကို တော်တော်လေးအံ့သြမိသည်။

''အဲ့ဒါဆိုလည်း လာခဲ့တော့။
အကိုဂျောင်ကုက ခုနှစ်နာရီ
ထိုးကတည်းက မနက်စာစားဖို့
စောင့်နေတာ။အခုဆို
ဆယ်နာရီတောင် ထိုးနေပြီ...''

ညီမဖြစ်သူ၏စကားကြောင့်
ထယ်ယောင်း ဂျောင်ကုကို
သနားမိပြန်သည်။

အမှန်က မနေ့ညက သူကိုယ်တိုင်
ဂျောင်ကုကို နမ်းလိုက်မိသည့်အတွက် ရှက်မိနေခြင်း။သာမန်ဆို
မသိချင်ယောင်ဆောင်ရင် ရပေမဲ့
ဂျောင်ကုဘက်ကလည်း လိုလိုလားလားကြီး တုံ့ပြန်သည့်အတွက် ညနက်သန်းခေါင်အထိ
အနမ်းက ခရီးရောက်သွားသည်။

အခုလိုအခြေအနေနှင့် သူဂျောင်ကုကို ဘယ်လိုမျှ မျက်နှာချင်းမဆိုင်နိုင်။

စိတ်ကိုအတတ်နိုင်ဆုံး လျှော့ချပြီး မီးဖိုခန်းထဲသို့ ဝင်လာသည့်အခါ
ဂျောင်ကုက ကျွန်တော့်ကို မြင်၍
ပျော်သွားသည်ထင် ပြုံးပြပြန်သည်။

''ကျစ်..ပြုံးပြပြန်ပြီ...''

ဒီနေ့တစ်နေ့လုံး ဖြစ်နိုင်ရင်
ဂျောင်ကုအပြုံးများအားသူမမြင်ချင်ပါ။မနေ့ညလည်း အဲ့ဒီအပြုံးကြောင့်
စိတ်တွေဂယောက်ဂယက်
ဖြစ်ကုန်ခဲ့တာလေ။အခုလည်း
အမှန်အတိုင်းပြောရရင်
အာမမခံနိုင်သေးဘူး။

''ငါလာပြီလေ စားတော့..''

ဘေးနားအား အရိပ်အခြေတစ်ချက်
ကြည့်ပြီး ထမင်းငုံ့စားနေသည့်
ဂျောင်ကုကို တိုးတိုးလေးကပ်ပြောသည်။

My Wolf ( Completed )Where stories live. Discover now