ep(10)

14K 1.8K 96
                                    

''ထယ်ယောင်း
သားဘာတွေလုပ်နေတာလည်း..''

နားထဲတွင် မိုးကြိုးပစ်သွားသလို..။

ပြန်ဖြေဖို့စကားလုံးများကလည်း
ထစ်ထစ်အအ..။

''ဟို..ဟိုလေ ဂေဟာက
ဖုန်းဆက်တယ်အမေ။
ဂျောင်ကုကို ပို့ဖို့ပြောတာ။ ဒါပေမဲ့
မသန်မစွမ်းဂေဟာကြီးဆိုလို့
ဂျောင်ကုကိုမပို့ချင်လို့ငြင်းလိုက်တာပါ'

''အင်းပါ...
အမေ အခုလောလောဆယ်တော့
ဂေဟာထပ်မရှာနိုင်သေးဘူး''

ကျွန်တော့်ခေါင်းကို အမေက
ခပ်ဖွဖွပွတ်သပ်ပြီး..

''ဒါပေမဲ့သား ဂျောင်ကုကို
သိပ်မခင်တွယ်မိစေနဲ့..''

အခန်းထဲသို့ ဝင်သွားသည်အထိ
အမေ့ကျောပြင်ကို ထယ်ယောင်း
စိုက်ကြည့်နေမိသည်..။အမေက တခြားလူတွေလိုမဟုတ်ဘူး။
အရမ်းထက်မြတ်တယ်။
အဖေမရှိတော့တဲ့အချိန်ကတည်းက ကျွန်တော်တို့မိသားစုကို
ဦးဆောင်လာခဲ့တာ..။အမေက စည်းကမ်းလည်းကြီးတယ်။
သဘောလည်းကောင်းတယ်။စကားကို လက်လွတ်စပယ်မပြောတတ်ဘူး။
အခုပြောလိုက်တဲ့စကားကလည်း
ဘာကိုရည်ညွှန်းတယ်ဆိုတာ
အမေပဲသိပါလိမ့်မယ်..။

=======

''ထယ်ယောင်း သား
အမေ့ရဲ့ ဒီဆေးကုန်နေပြီ
သွားဝယ်ပေးဦး..''

''ဟုတ်..''

ကျွန်တော်အပြင်သွားဖို့
ဖိနပ်စီးသည့်အခါ ကျွန်တော်နှင့်အတူ လိုက်မည်ပြင်နေပုံရသော
ဂျောင်ကုကလည်း ဖိနပ်လိုက်စီးသည်။

''ဂျောင်ကု မင်းက လိုက်မလို့လား''

သူကျွန်တော့်ကို ပြုံးပြသည်..။
လိုက်မည်ဆိုသည့်သဘော..။

''မလိုက်နဲ့တော့ကွာ
အိမ်မှာပဲနေခဲ့ဟုတ်ပြီလား..''

ပြောပြီး လှည့်ထွက်သည့်အခါ
ကျွန်တော့်လက်ကို ဖမ်းဆွဲထားသော လက်တစ်စုံ..။

''နေခဲ့ပါကွာ မင်းနေခဲ့လို့ရှိရင်
ငါမင်းခေါင်းကို
ခဏခဏပွတ်ပေးမယ်လေ''

ထိုသို့ပြောလိုက်ပါမှကျွန်တော့်လက်ကို ဖြည်းဖြည်းချင်းလွှတ်ပေးလေသည်။

My Wolf ( Completed )Where stories live. Discover now