ep(12)

13.3K 1.9K 57
                                    

''ဂျောင်ကု မင်းခုန
ဘာကောင်ကြီးဖြစ်သွားတာလည်း''

ကျွန်တော့်ကို ယဲ့ယဲ့လေးပြုံးပြသည်။
ပြီးနောက်..
နှုတ်ခမ်းကလည်း တပြင်ပြင်နှင့်
စကားပြောချင်နေသည်ထင်..။

''ပြောလိုက်စမ်းပါ မင်းမှာ
ပြောချင်နေတာတွေ
အများကြီးရှိနေတယ်မှတ်လား ဟမ် ပြောလို့ ငါ့ကို စကားပြောလို့..''

သူလက်မောင်းကို
အကြိမ်ပေါင်းများစွာ ပုတ်ရင်း
အားမလိုအားမရ
အော်ပြောလိုက်မိသည်..။

''ထယ်..ထယ်..''

ထိုစကားတစ်ခွန်းသာထွက်လာပြီး ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်သည်..။

သူ့လည်ပင်းကိုသိုင်းဖက်လိုက်ရင်း နောက်ကျောကို လက်သီးဆုပ်ဖြင့် အားပါပါထုနှက်နေရင်း..

''မင်းအခု ငါ့ကိုစကားပြောရမှာလေ။အရမ်းကြောက်နေတဲ့ငါ့ကို
ရှင်းပြရမှာလေ အရူးရဲ့ အီး..ဟီး..''

လန့်နေတာရော ဒေါသထွက်နေတာရောပေါင်းပြီး ကြံရာမရသည့်မဆုံး အော်ငိုလိုက်မိသည်..။

ကျွန်တော့်ရဲ့ရိုက်နှက်နေမှုကို
လျစ်လျူရှုပြီး
ပိုမိုတင်းကျပ်အောင်ဖက်ကာ
ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးနေလေသည်..။

''ရား!! ငါ့ကိုမချော့နဲ့ ဂျောင်ကုအစုတ်ပလုတ်ရဲ့ အီး..ဟီး..''

မကြာပါဘူး။အချိန်အနည်းငယ်
ကြာအောင်ငိုပြီးသည်နှင့်..
''ဂျောင်ကု မင်းအကျီတွေက
ပြဲကုန်ပြီလေ လာအကျီသွားလဲမယ်..''

ခုနမှ စိတ်ဆိုးပြီးရိုက်နှက်နေသည့်
သူမှာ ထယ်ယောင်းမှ ဟုတ်ပါစဟု
အံ့သြရလောက်သည်အထိ
ဂျောင်ကုရဲ့လက်ကို ဂရုတစိုက်ဆွဲကာ အိမ်ထဲသို့ ခေါ်သွားလေရဲ့..။





My Wolf






ဂျောင်ကုရဲ့ အကျီ..ကြယ်သီးတွေကို တွယ်ပေးရင်း သက်ပြင်းချကာ
ထယ်ယောင်းဆိုမိသည်..။

''နောက်တစ်ခါ အဲ့လိုအကောင်ကြီးပုံစံ ပြောင်းမသွားစေနဲ့ ကြားလား..''

ပြန်မဖြေဘဲ ဒီလိုအူကြောင်ကြောင်
ကြည့်နေတဲ့ပုံကို အသဲယားတာပဲ..။
ဆရာမက သူမေးသမျှ ပြန်မဖြေတဲ့ ကျောင်းသားကို အသဲတယားယားနဲ့ ကြိမ်လုံးစာကျွေးချင်နေသလိုပေါ့..။

My Wolf ( Completed )Where stories live. Discover now