ep(2)

17.5K 2.2K 175
                                    

ထယ်ယောင်းနိုးလာသည့်အခါ အချိန်က၁၁နာရီကျော်နေပြီ။ကိုယ့်နဖူးကို ပြန်ရိုက်မိသည်။သေစမ်း...

''အမေ ဟိုအကောင်ကြီးရော''

''ဆိုယွန်းခေါ်သွားတယ်ဆော့ဖို့တဲ့''

''ဗျာ....''

''ဟိတ်...ဟိတ်...ဟိုကလေးမနက်စာစားသွားဦးလေ''

ဖိနပ်စီးနေရင်းထယ်ယောင်းလက်ကာပြသည်။

ဒရောသောပါးထွက်သွားသောသူ့သားကိုကြည့်ပြီးရေရွတ်မိသည်။

''ဒီကလေးမဆော့စဖူးဆော့မလို့လား''

**********************************

''ဟာ ကိုကြီးဘာလာလုပ်တာလည်း''

''နင်တို့တခြားနေရာသွားဆော့ ငါဟိုအကောင်ကြီးကိုသင်ပေးစရာရှိတယ် ဒါနဲ့အဲ့ဒီအကောင်ဘယ်မှာလည်း''

''သူဘောလုံးသွားကောက်တယ်''

''yay ပြန်လာပြီ မြန်လိုက်တာ''
ကလေးများရဲ့ဆော်သြသံ...

''ဟဲ့ဆိုယွန်း တခြားနေရာသွားဆော့လို့ငါသူ့ကိုသင်ပေးစရာရှိတယ်''

''ပြီးရော ကလေးတွေလာ ငါတို့တခြားနေရာသွားဆော့မယ်''

အမှန်ကထယ်ယောင်းမနေ့ညကဖတ်ထားတဲ့စာအုပ်ထဲကအတိုင်းသင်ပေးမလို့။အစားအသောက်နဲ့ပတ်သတ်ပြီးတော့။

''ဟိတ် မင်းဒီနားလာခဲ့''
ပြူးကြောင်ကြောင်နှင့်ကုတ်ကုတ်ကလေးမျက်နှာချင်းဆိုင်တွင်ထိုင်သည်။

''ရော့ဒီမှာ မုန့်''

မနေ့ညကအမေမသိအောင်ဖွတ်ထားသည့်မုန့်ထုတ်ကိုဖြည်ပြီးလက်ပေါ်တင်လိုက်သည်။ထိုအခါ မုန့်မြင်သည်နှင့်အရှေ့သို့ရောက်လာသောသူ့ခေါင်းကိုလက်ဆစ်ဖြင့်ခေါက်ပစ်သည်။နောက်တစ်ခါထပ်တိုးလာသဖြင့် လက်ဆစ်ဖြင့်ထပ်ခေါက်မည်ဟုရွယ်လိုက်သည့်အခါနောက်ဆုတ်သွားသည်။

''ဒီမယ်ကြည့်ငါမင်းကိုပြောမယ် ငါမင်းကိုစားလို့မပြောမချင်းမစားရဘူး ကြားလား ပြီးတော့ငါကရပ်ဆိုတာနဲ့ချက်ချင်းရပ်ကြားလား''

သူကတော့အာရုံရှိသည့်ပုံမပေါ်မျက်လုံးကမုန့်ဆီမှာပဲ။

My Wolf ( Completed )Where stories live. Discover now