၁၆

177 30 3
                                    






~~~~~~ctn~~~~~


Uni

တလောကကိစ္စနဲ့ပတ်သက်ပြီး မုန့်ယောင် သူမသိဘဲ ဘာမှမလုပ်ရဲတော့ပေ မင်ကျွဲ့ကလဲ မုန့်ယောင်ကိုသူကိုယ်တိုင် မကြည့်နိုင်ရင်တောင် အနားမှာလူတစ်ယောက်ယောက်ထားတယ် ဒီလိုနဲ့ မုန့်ယောင်သူခန့်မှန်းထားတဲ့ ၂လ မတိုင်မီအထိ ငြိမ်နေလိုက်ရတယ် အကိုကြီးရဲ့ အပြောအဆိုအပြုအမူတွေကို နားမလည်ပေမဲ့ ဒီထက်အရေးကြီးတဲ့ အရေးကိစ္စတွေကြောင့် မသိချင်ယောင်ဆောင်နေလိုက်တယ်
ပြီးတော့ သူတို့အလစ်မှာ ဘယ်လိုထွက်ရင်ကော ဒီဂိုဏ်းမှာ လုပ်ကိုင်ပေးခဲ့ဖူးတဲ့အတွက် ထွက်ပေါက်တွေ သိနေတာက ကောင်းကောင်းရယ်

သူကြိုတွက်ထားသလို သိပ်မကြာခင်မှာပဲ သူ့ကိုစောင့်ကြည့်နေတဲ့သူတွေ လျော့သွားသလိုခံစားရတယ် ပြီးတော့ ကံကောင်းချင်တော့ အမေ့ကို တောင်ပေါ်မှာ ဘုရားကျောင်းလိုက်ပို့ချင်ကြောင်း မုန့်ယောင် မင်ကျွဲ့ကိုပြောပြတော့ မကန့်ကွက်ပဲလက်ခံလေတယ် အစောင့်၂ယောက်လောက်ထည့်ပေးပြီး သားအမိ၂ယောက် သက်သက်သာသာသွားနိုင်ဖို့ လှည်းလဲစီစဉ်ပေးလိုက်သေးတာ မုန့်ယောင်လိုတာလေးတွေထည့်ပြီး နျဲ့ဂိုဏ်းကနေထွက်လာခဲ့ကြတယ် မင်ကျွဲ့က အိမ်တော်ဝထိလိုက်ပို့ပေးတယ် လှည်းပေါ်တက်ခါနီးမုန့်ယောင်ရဲ့လက်ကို ဆွဲကာ

"ကျုပ်ဒီနေ့မင်းကိုသွားခွင့်ပေးတယ်ဆိုတာ ကျုပ်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ဖို့မဟုတ်ဘူးနော် မျှော်နေမယ် ပြန်လာခဲ့ပါ''

မုန့်ယောင် ပြုံးပြီးခေါင်းငြိမ့်ပြရုံသာတက်နိုင်တော့တယ်
စိတ်ထဲမှလဲ ထပ်ခါထပ်ခါတောင်းပန်နေမိတယ် ကျနော်ကိစ္စပြီးတာနဲ့မြန်မြန်ပြန်ခဲ့ပါ့မယ် ကျနော်ကတိပေးပါတယ်

အဲ့နောက်မှာတော့ မုန့်ယောင်တို့သားအမိ ပါတဲ့လှည်းလေးဟာ တရွေ့ရွေ့နဲ့ထွက်ခွာသွားလေတော့တယ်

~~~~~~ctn~~~~~

5 plusကနေ the untamedလေးကြည့်ပြီး မုန့်ယောင်ကိုမြင်ပြီး ငိုချင် အဆင်မပြေလိုက်တာ😭😭

Return of Meng YaoWhere stories live. Discover now