၁၈

190 25 13
                                    

အကြံအစည်

‌Wei Wu Xian ကမုန့်ယောင်ပြောပြတာတွေကိုနားထောင်ပြီး မယုံနိုင်အောင်ဖြစ်နေမိတယ် နောက်ဆုံးအံ့အားသင့်ပြီးလက်လေးကာပြပြီး

'ခဏလေး မုန့်သခင်လေး ဒါ .....ဒါတကယ်ပဲလား ကျွန်တော်မယုံနိုင်ဘူး မုန့်သခင်လေးက ဒါတကယ်ပါဆိုတာ ဘယ်လိုသက်သေပြမလဲ'

'လွယ်ပါတယ် ကျန်းသခင်လေး မကြာခင်ပြန်လာပါလိမ့်မယ် ပြီးတော့ သခင်လေးတို့ ကျန်းဂိုဏ်ကို မကြာခင်အတော်အတွင်းမှာ ၀◌မ်ဂိုဏ်းကပညာသင်ပေးချင်ပါတယ်ဆိုပြီး ခေါ်ပါလိမ့်မယ် တကယ်တမ်းကျ oမ်ဂိုဏ်းက တိမ်လွှာနန်းမြိုင်ကိုမီးလောင်တိုက်သွင်းပြီး ကျန်ဂိုဏ်း၄ဂိုဏ်းက လူငယ်တွေကိုအကုန်ခေါ်ပြီး သတ်ဖြတ်ပါလိမ့်မယ်'

'ဘာ လုပ်ရဲကြတယ်ပေါ့လေ ဒင်းတို့က'

'oမ်ဂိုဏ်းမလုပ်ရဲတာမရှိပါဘူး ထပ်ပြီးလဲလုပ်ဦးမှာပါပဲ လူငယ်ခြေတက်လေးတွေသေဆုံးသွားရင် ဂိုဏ်းတွေအကုန်လုံးကိုသတ်ပြစ်ကြမှာပါ အဲ့ထဲမှာ ကျန်းဂိုဏ်းက သခင်ကြီး၊သခင်မကြီးကော ပါပါတယ်'

'သူတို့က ဘာလို့လဲ မုန့်‌ယောင် ဘာလို့သူတို့မှလဲ"

သူတို့က ဘယ်သူဖြစ်နေပါစေ လွှတ်ထားမှာမဟုတ်ဘူး ဝေ့သခင်လေး'

'ကျွန်တော်တို့ ခုချိန်လိုအပ်နေတာက နည်းလမ်းတွေပဲ ၀◌မ်ဂိုဏ်းကို နှိမ်နင်းနိုင်မယ့် အစီအစဥ်လိုနေတာပါ'

'ကျွန်တော်တို့ချည်းပဲတော့ မဖြစ်နိုင်လောက်ဘူး မုန့်ယောင်လည်း ယုံကြည်ရတဲ့လူရှိရင် ပြောထားပါ'

'ကောင်းပါပြီ ကျနော်လဲ ခိုးထွက်လာခဲ့ရတာမို့ အမြန်ပြန်ရလိမ့်မယ် အရေးကြီးလာရင် ကျနော်နျဲ့ဂိုဏ်းမှာရှိပါတယ် လာရှာလှည့်ပါ'

'ကောင်းပါပြီ ဒါဆိုလမ်းခရီး အဆင်ပြေပါစေ'

'နှုတ်ဆက်ပါတယ်'

************************

မုန့်ယောင် ကျန်းဂိုဏ်းကနေ အမြန်ပြန်လာပြီး တောင်ပေါ်မှာရှိနေတဲ့အမေကိုသွားပြန်ခေါ်ပြီးတာနဲ့ ပြန်လာခဲ့လိုက်တယ် ဒါပေမဲ့ ထိုင်ခုံပေါ်ထိုင်နေတဲ့ နျဲ့မင်ကြွယ့်ပုံစံက ထိတ်လန့်စဖွယ် အစည်းအ‌‌ေ၀◌းမှာ ပြဿနာပေါ်လာခဲ့သလားပဲ

Return of Meng YaoOù les histoires vivent. Découvrez maintenant