475 66 11
                                    

မင်ကျွဲ့တစ်ယောက် အရင်အိမ်တော်မှာ ညီတော်မောင်ချစ်လွန်းလို့မွေးထားတဲ့ ငှက်ကလေးရဲ့ အသံကိုကြားရင်းနိုးထလာရမယ့်အစား ထင်းခွဲသံနဲ့ အိုးခွက်သံတွေကြားနေရတယ် အိပ်ယာထက်လူးလှိမ့်ပြီး မျက်လုံးဖွငိ့ကြည့်တော့ အိမ်အမိုးရဲ့ဟိုတပေါက် ဒီတပေါက်ကနေဝင်နေတဲ့နေအလင်းကိုမြင်မှ သူရောက်နေတာ မုန့်ယောင်ရဲ့အိမ်ဆိုတာ သတိချပ်မိတယ်
*အင်း မိုးတွင်းဆို ဒီအခန်းမိုးရေယိုမှာပေါ့ အိပ်တောင်အိပ်ရပါ့မလား *

အိပ်ယာထပြီးဘေးဘီဝေ့ဝဲကြည့်တော့ ပစ္စည်းများများမရှိပေမဲ့ သပ်သပ်ရပ်ရပ်အခန်းငယ်လေး အဝတ်လှမ်းတဲ့တန်းမှာလဲ သူဝတ်တဲ့ အဝတ်အစား၃စုံကိုလှမ်းထားသေးတယ်

"နိုးပြီလား မျက်နှာသစ်ပြီး မနက်စာလာစားတော့''

ချွေးတွေနဖူးမှာသီးနေတာ မျက်နှာလေးတောင်ရဲနေသလိုပဲ ခုနကထင်းခွဲနေတာ မုန့်ယောင်လား

"မုန့်ယောင်''

"ဘာလဲ ဟင်..''

လက်ကိုလှမ်းဆွဲပြီး နဖူးပေါ်ကချွေးစတွေကို သူ့လက်ဖဝါးကြီးနဲ့ ပွတ်သုတ်ပေးနေတာ ပြီးတော့ မုန့်ယောင်လက်ဖဝါးတွေကိုငုံ့ကြည့်ပြီး စိတ်မကောင်းသလိုမျက်နှာထားနဲ့

"နောက်ကျရင် ဒီလိုပင်ပန်းတဲ့အလုပ်တွေ ကိုယ်လုပ်မယ် ကိုယ့်ကိုခိုင်း မုန့်ယောင်မလုပ်ပါနဲ့''

လက်ဖဝါးကို ဆုပ်ကိုင်ပြီး အတည်အတန့်ကြီးပြောနေတာ မနေတတ်စွာ လက်ကိုပြန်ရုတ်ရင်း

"မခိုင်းရက်ပါဘူး သခင်ကြီးလိုဂိုဏ်းချုပ်ကို ဒီလိုနိမ့်ကျတဲ့အလုပ်တွေ ကူခိုင်းဖို့နေနေသာသာ စိတ်တောင်မကူးဝံပါဘူး သခင်ကြီး အဆင်ပြေသလိုနေပါ ခုတော့ ထမင်းစားဖို့ ထွက်လာခဲ့ပါတော့''

မုန့်ယောင်ထွက်သွားတော့ မင်ကျွဲ့စိတ်တွေလေးလုံစွာ ကျန်ခဲ့တယ် မုန့်ယောင်တို့က နေသားကျပေမဲ့ အရင်ကပင်ပန်းခဲ့လို့ပဲလား သေးညှပ်နေတဲ့ မုန့်ယောင်ပုံစံလေးနဲ့ ခုလိုအရွယ်နဲ့မလိုက်တဲ့အလုပ်တွေလုပ်နေရတာကို သူမြင်နေရတာ ရင်ထဲနာကျင်အောင် အပ်တွေနဲ့လာဆွနေသလိုပဲ

Return of Meng YaoWhere stories live. Discover now