၁၇

212 34 1
                                    

မုန့်ယောင်နဲ့ အမေလုပ်သူကို တောင်ပေါ််ရှိဘုရားကျောင်းကိုရောက်တေ့ာဧည့်သည်နားနေဆောင်မှာ နေရာချပြီးတာနဲ့ ဘုရား၀တ်ပြုဖို့သွားကြလေတယ် ဘုန်းကြီးနဲ့လဲတွေ့ပြီး စကားတွေပြောဆိုကြပြီး နားနေဆောင် ပြန်လာခဲ့ကြတယ်

အခန်းထဲရောက်တာနဲ့ အမေကိုသူသွားစရာရှိကြောင်း သိပ်မကြာခင်ပြန်လာမည်ဖြစ်ကြောင်းအကျိုးအကြောင်းပြောပြပြီး သန်းခေါင်အချိန်ရောက်တာနဲ့ ခိုးထွက်လာခဲ့လိုက်တယ် တောင်ခြေရောက်တော့ မြင်းတစ်စီး၀ယ်လိုက်ပြီး ယွင်မုန့်ကျန်းကို အပြေးသွားတော့တယ်

************************

"‌ေ၀့သခင်လေး ရှိပါသလား "

"ဪ ဟိုတလောက လာမေးဖူးတဲ့လူပဲ ခင်ဗျားမှန်းခဲ့သလိုပဲ ‌ေ၀့သခင်လေးပြန်ရောက်နေပါပြီ ဒါနဲ့ ခင်ဗျားက ရှေ့ဖြစ်ဟောဆရာလား"

" အာ မဟုတ်ပါဘူး ဒီတိုင်း တိုက်ဆိုင်သွားတာပါ ကျနော်‌‌ေ၀့သခင်လေးနဲ့တွေ့ပါရစေ"

"ဒါဆိုလဲ အထဲကြွပါ လိုက်ပို့ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

မုန့်ယောင်ကို ဧည့်တွေ့ဆောင်မှာနေစေခဲ့ပြီး ‌ေ၀့့၀ူရှန့်ကိုသွားခေါ််ပေးလေတယ် ‌ေ၀့ရင်သူ့ကိုတွေ့တာနဲ့မှတ်မိသွားလေတယ်

"တိမ်လွှာနန်းမြိုင်မှာ တွေ့ခဲ့တဲ့ညီအကိုမလားဟင် ကျနော်ကို တွေ့ချင်နေခဲ့တာဆို ဘာကိစစများလဲ"

"တွေ့ရတာ၀မ်းသာပါတယ် သခင်လေး ကျနော်လာရှာရတာ အရေးကြီးကိစစကြောင့်ပါ ဒီကသခင်လေးနဲ့လဲသက်ဆိုင်ပါတယ်"

"ဟင် ဘာအကြောင်းအရာများလဲ"

"ပြောရမယ်ဆိုရင် ကျနော်ကပြန်လည်မွေးဖွားလာသူပါ နားထောင်ရတာ ထူးဆန်းနေမယ်ဆိုပေမဲ့ ကျနော်မညာပါဘူး တကယ်ပြောတာပါ "

"ကျနော်မယုံ တာ မဟုတ်ရပါဘူး ဒီလို အဖြစ်တွေက ရှိတယ်ဆိုတာသိပေမဲ့ ဒီလောက်ထိလက်တွေ့ မကြုံဖူးလို့ပါ"

"ကျနော် ဒါကိုနောက်မှသခင်လေးနဲ့ဆွေးနွေးပေးပါမယ် လောလောဆယ် အရေးကြီးတာက မကြာခင်မှာ ကျနော်တို့ကဒ်ဘေးသင့်တာထက်ဆိုးတဲ့ကိစစတွေရှိလာတော့မယ် ဆိုတာပါပဲ အထိအနာဆုံးကတော့ သခင်လေးတို့ကျန်းဂိုဏ်းပါပဲ"

Return of Meng YaoWhere stories live. Discover now