482 66 9
                                    

နျဲ့မင်ကျွဲ့အရပ်ကြီးကို မုန့်ယောင်ကိုအုပ်မိုးလာလေလေ မုန့်ယောင်မြေကြီးထဲနစ်ဝင်သွားချင်တဲ့စိတ်တွေကြီးစိုးလာလေပဲ

"မတွေ့တာကြာပြီနော် သခင်ကြီး ဒီအတောအတွင်းကျန်းမာပါရဲ့လား''

"Hak ကျန်းမာတာပေါ့ ကျုပ်မှာ ရှာရမယ့်သူရှိနေတော့လဲ ကျန်းမာအောင်နေရတာပေါ့ ဟင်း ဟင်း''

အကိုကြီးဆိုတာ အရင်ကဆို တည်တံ့ပြီးနေရင်တောင်ကြောက်ဖို့ကောင်းတယ်လို့ ထင်ရပေမဲ့ အနားမှာ နှစ်အချို့နေဖူးတဲ့မုန့်ယောင်အတွက်ကတော့ သူအခုလိုလုပ်ရယ်ရယ်လိုက်ပြီဆိုတာနဲ့ဘာလုပ်မယ်ဆိုတာသိနေတဲ့အတွက်ကြောင့် ကမန်းကတန်းနောက်ဆုတ်ပြီး

"Aww အဲ့တာဆိုသခင်ကြီးကအလုပ်များနေရှာမပေါ့သခင်ကြီးရှာနေတဲ့သူကိုတွေ့ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ် ခွင့်ပြုပါဦး''

အမြန်လှည်းပေါ်ကိုခင်းကျင်းထားတာတွေပြန်တင်ပြီး ပြေးမယ်လုပ်တော့

"ရပ်လိုက်စမ်း မုန့်ယောင် ငါစိတ်တိုမလာခင်''

တုန့်ခနဲ့ရပ်သွာပေမယ့် မုန့်ယောင်အတပ်သိတယ် ရပ်နေလိုက်ရင်ပိုဆိုးမယ်ဆိုတာ အမြန်ပြေးပြီးပုန်းအောင်းနေရင်ပိုသက်သာမယ်ဆိုတဲ့အသိကြောင့် မုန့်ယောင် နောက်ကိုတစ်ချက်လှည့်မကြည့်တမ်း မြည်းလေးကို ကြိမ်နဲ့တို့ပြီး အသော့နှင်ရပြီ

"တောက် ငါ့ဒေါသကိုလာဆွနေတယ် ရဲမက်တွေ ဟွိုက်စန်းကိုအိမ်တော်ပြန်ခေါ်သွား ငါသူ့နောက်လိုက်ဦးမယ်''

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်''

"အကိုကြီး အကို့ကိုမရိုက်နဲ့နော် အော်လဲမအော်နဲ့ အော်လို့ကတော့ ကျနော့်အဆိုးမဆိုနဲ့''

ရဲမက်တွေလက်ကြားကနေ ယက်ကန်ယက်ကန်နဲ့အော်နေတဲ့ဟွိုက်စန်းကိုလျစ်လျူရှုပြီး မြင်းတစ်ကောင်နဲ့ မုန့်ယောင်နောက်ကိုလိုက်လေတော့တယ်

------

မုန့်ယောင်သူ့နောက်ကနေ ဘယ်သူမှလိုက်မလာလို့ သစ်ပင်ရိပ်ရတဲ့နေရာမှာတစ်ထောက်နားရင်း သူ့ကြောင့်မောသွားတဲ့မြည်းလေးကို ရေတိုက်ပြီး ပန်းသီး၂လုံးကျွေးလိုက်လေရဲ့ အေးအေးလူလူစားနေတဲ့မြည်းလေးရဲ့ ကျောကိုပွတ်ပေးပြီး

Return of Meng YaoWhere stories live. Discover now