သူ့ကိုမော့ကြည့်ရင်း တုန်ယင်နေတဲ့ ဒီကောင်မလေး သူ့ကိုကြောက်နေတာများလား
အင်္ကျီရဲ့ အိတ်ထောင့်ထဲကနေ ငွေသားတစ်ထုပ်ကိုထုတ်လိုက်ပြီး ထိုအသေးလေးဆီကမ်းလိုက်ကာ'ရော့ မင်းအတွက်ဆုငွေ'
မ၀ံ့မရဲနဲ့ တုန်ရီနေတဲ့လက်ကလေးက ရှေ့ကိုဆန့်ပြီး ငွေထုပ်ကိုလက်ခံလေရဲ့ ယူပြီးတာနဲ့ တချိုးတည်းထပြေးသွားတာ ဟန်တောင်မဆောင်နိုင်
'တောင်း တောင်းပန်ပါတယ် သခင်ကြီး သူကအသစ်မို့လို့ ယဉ်ကျေးမှုတွေသိပ်နားမလည်လို့ပါ သခင်ကြီးခွင့်လွှတ်ပေးပါ'
ပိုင်ရှင်အမျိုးသမီးရဲ့ အထိတ်ထိတ်အလန့်လန့်တောင်းပန်တာလဲစိတ်မ၀င်စားဘူး
ငါ့ကိုကြောက်သွားတာလား ဆိုတာကြီးက တော်ရုံသာမာန်ဆို ကျေနပ်ပေမဲ့ ဒီလိုအလှလေးက တချိုးတည်းပြေးတာမှာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်'ပြန်မယ်'
ဝတ်ရုံကိုဆွဲစိပြီး ထပ်ရပ်လိုက်တာနဲ့ အခန်းထဲရှိသမျှလူတွေပါလိုက်ထလာတယ် အပေါ်ထပ်ကနေ ဆောင်ကြမြိုင်ရဲ့အပြင်ကိုထွက်ခါနီးထိ ထိုအရိပ်ကလေးကို မသိမသာလိုက်ရှာကြည့်ပေမဲ့ မမြင်ရတော့ မျက်မှောင်ကျုံ့သထက်ကျုံ့လာလေရဲ့
ငါကကော ဘာလို့လိုက်ရှာနေတာလဲ
~~~~~~~~~~~
မုန့်ရှီတစ်ယောက် သာလုပ်သူမျက်နှာကို တကြည့်ကြည့်နဲ့ မနက်ပိုင်းဖျော်ဖြေပေးဖို့ထွက်သွားပြီးပြန်လာတည်းက ဖြူဖျော့လာတဲ့အသားအရည်ကြောင့် ဘာဖြစ်သလဲမေးလဲမဖြေ အဆင်ပြေတယ်ဆိုပြီး ရလာတဲ့ဆုငွေက တစ်ဝက်ယူထားပြီး ကျန်တာကို ပိုင်ရှင်ကိုပေးဖို့ယူသွားလေရဲ့
ခုညအိပ်မယ်ဆိုရော အိပ်ယာခင်းနေရင်း ငေးငိုင်နေရှာတာ'အားယောင် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား '
'အာ ကောင်းပါတယ် အမေ သားစဉ်းစားနေတာပါ'