၁၃

229 38 8
                                    

မုန့်ယောင် တိမ်လွှာနန်းမြိုင်ဆိုတဲ့ဆိုင်းဘုတ်ကြီးရယ် ဘေးကတောင်နံရံမှာရေးထားတဲ့ စည်းကမ်း၃ထောင်ရယ်ကို ကြည့်ရင်း သက်ပြင်းမောချမိတယ်
ပြီးတော့ ဟိုးအရင်က လန်ဂိုဏ်းရဲ့လက်အောက်ငယ်သား ဆုရှဲ့ကိုစေခိုင်းပြီး တားမြစ်ထားတဲ့ တေးသွားစာအုပ်ကိုခိုးခိုင်းခဲ့တယ် ပြီးတော့ အကို၂ ကိုလဲ ယုံကြည်တဲ့သူက သစ္စာဖောက်လေခြင်းဆိုတဲ့ငရဲကိုလဲ ခံစားစေမိတယ်
ငါ့အပြစ်တွေကြီးမားလိုက်တာ

"လာလေ မုန့်ယောင် သွားရအောင်''

မင်ကျွဲ့က မုန့်ယောင် လှေကားတွေကိုမတတ်နိုင်ဘူးအထင်နဲ့ လက်ကမ်းပေးတော့ မုန့်ယောင် ကြောင်ကြည့်နေမိတယ် ရှေ့ကိုကြည့်တော့ ဟွိုက်စန်းက ကော့တော့ကော့တော့နဲ့ ဝတ်ရုံကြီး တမမနဲ့ သွားနေတာ ကြိုက်လှပါတယ်ဆိုတဲ့ ယပ်တောင်လေး တဖြတ်ဖြတ်နဲ့

"ရပါတယ် ကျနော်သွားနိုင်ပါတယ်''

ကမ်းလာတဲ့လက်ကိုလျစ်လျူရှူပြီး ကျော်သွားမလိုလုပ်ပေမဲ့ လက်မောင်းကိုလှမ်းဆွဲလိုက်တဲ့လက်ဖဝါးကြီးကြောင့် တုန့်ခနဲရပ်သွားတယ်

"မင်းကြည့်ရတာ ဖြူဖပ်ဖြူလျော်နဲ့ လာပါ အပန်းမကြီးပါဘူး''

ငြင်းလဲမရတော့တာမို့ သူ့သဘောအတိုင်းထားလိုက်တော့တယ် မင်ကျွဲ့ကတော့ သူဆုပ်ကိုင်ထားတဲ့လက်မောင်းလေး သေးသွယ်လွန်းလို့အားမရ
မတော်တဆ ခြေချော်ပြီးပြုတ်ကျပါပြီတဲ့ ကျိုးကုန်ဘယ့်နှယ်လုပ်..........

ဒီလိုနဲ့ ချီတက်လာလိုက်ကြတာ အချိန်တော်တော်ကြာမှ မုဒ်ဝ ကိုရောက်ကြလေတယ် ဟွိုက်စန်းကတော့ စတင်ငြီးငြူလေပြီ

"အမလေး ဒီလိုသာ တောင်အောက်ဆင်းလိုက် တက်လိုက်ဆို အကိုကြီး ကနော့်အရိုးတွေတောင် ပွန်းကုန်လို့ အမှုန့်ဖြစ်သွားမယ်ထင်တယ် ဝူး ဝူး''

"တိတ်စမ်း ယောကျာ်းဖြစ်ပြီးငိုမနေနဲ့ သူများတွေအသံထွက်လား''

မင်ကျွဲ့ပြောတဲ့သူများက တခြားသူမဟုတ် မုန့်ယောင်ပါပဲ ဒါပေမဲ့ အနောက်ကနေ ထွက်လာတဲ့ခပ်လေးလေးငြီးငြူသံမှာ

"အိုင်းရိုးးး ကျန်းချန်ရေ ငါတော့မောသေပါပြီ ငါကြိုက်တဲ့ ဧကရာဇ်ပြုံးဝင့်လေး ဆင်းဝယ်ရင်း ပြန်တက်ရင်းနဲ့ ငါအသက်ထွက်မယ်ထင်တယ်''

Return of Meng YaoWhere stories live. Discover now