(အဟဲ ပေါ်တော်မူပြန်လာပါပြီ)
ယာယီတဲပြင်ပြီးတဲ့အထိ ဆင်းမလာကြတဲ့၂ဦးသားကြောင့် ကိုယ်ရံတော်ဖြစ်သူလဲခေါင်းခဲလှပြီ ပြီးတော့ ကောင်လေးရဲ့အမေကလဲ စိတ်ပူလှပြီ လှည်းထဲဝင်ကြည့်ချင်ပေမဲ့ ဟိုမြင်ကွင်းမြင်သွားရင် ကိုယ့်ဂိုဏ်းချုပ်ကိုတစ်မျိုးမြင်နိုင်ချေရှိတာမို့ တားနေရတယ်
လှည်းထဲမှာတော့ မင်ကျွဲ့တစ်ယောက် ပေါင်ပေါ်ကကောင်လေးမနိုးရအောင်ငြိမ်နေလေရဲ့
အပြင်ကယာယီတဲပြီးလောက်တဲ့အချိန်လောက်မှ ထွက်ဖို့ပြင်ဆင်ထားတာ အိပ်နေတဲ့လူကိုလဲမနှိုးရက်နောက်ဆုံးမှာတော့ မုန့်ယောင်သက်တောင့်သက်သာအိပ်စေနိုင်ဖို့အတွက် ပွေ့ချီပြီး လှည်းကနေထွက်လာခဲ့လိုက်တော့တယ် သူထွက်လာတော့မှပဲ ကိုယ်ရံတော်က ဝမ်းသာသွားတဲ့မျက်နှာနဲ့
"ဂိုဏ်းချုပ် တဲအဆင်သင့်ဖြစ်ပါပြီ''
"အင်း ကောင်းပြီ ရေဇလုံတစ်ခုပြင်လာခဲ့ ပြီးတော့ဆန်ပြုတ်ဖြစ်ဖြစ်လုပ်ထားချည်''
"ဟုတ်ကဲ့''
မှာစရာရှိတာမှာပြီး သူ့အတွက်ပြင်ထားတဲ့တဲထဲကိုဝင်လာခဲ့လိုက်တယ်
အဝတ်ခင်းထူထူတွေနဲ့ခင်းထားတဲ့မွေ့ရာပေါ်တင်ပြီး ကိုယ်ပူကျမကျစမ်းကြည့်နေတုန်းမှာ"သခင်ကြီး ကျမဝင်လာခဲ့ပါရစေ''
"ဝင်ခဲ့ပါ''
"ဟို ကျမသားအခြေအနေဘယ်လိုရှိလဲဟင် ကျမပဲ ကြည့်လိုက်ပါ့မယ် သခင်ကြီးနားပါတော့''
"အာ ရပါတယ် အဒေါ်လဲပင်ပန်းနေမှာပဲလေ နားပါ ကျနော်ကဘာမှမဖြစ်ပါဘူး''
"ဂိုဏ်းချုပ်''
"ဝင်ခဲ့ ပစ္စည်းတွေထားခဲ့ပြီး သွားတော့''
မင်ကျွဲ့ အဝတ်စတစ်ခုကို ရေနှစ်ပြီး မုန့်ယောင်မျက်နှာ၊လည်ပင်းနဲ့ လက်တွေကို အဝတ်စိုနဲ့ပွတ်သုတ်ပေးနေလိုက်တယ်
"သခင်ကြီး မသင့်လျော်ပါဘူး ကျမပဲလုပ်ပေးပါရစေ''
ဘေးကိုသတ်မထားမိဘဲလုပ်ပေးနေမိတာ မုန့်ရှီရဲ့အသံကြားမှ ကိုယ်ရှိန်သတ်မိတော့တယ်