အရင်တုန်းကတော့ ဟွိုက်စန်းကျောင်းအပ်တာနဲ့ပတ်သက်ပြီး မုန့်ယောင်ပဲ ကိစ္စအဝဝလုပ်ကိုင်ပေးခဲ့ရပေမဲ့ အခုကတော့ မင်ကျွဲ့ပဲလုပ်ကိုင်တော့တယ် အကို၂ကိုတွေ့ချင်လို့ ဟွိုက်စန်းကိုစာသင်ပေးဖူးတဲ့အကြောင်းပြပြီး အရေးဆိုပေမဲ့ ထင်သလောက်အလုပ်မဖြစ်
စိတ်တိုတိုနဲ့ အပြင်ဖက်မှာသာနေခဲ့လိုက်ပြီး ပတ်ဝန်းကျင်အလှအပကိုသာငေးကြည့်နေလိုက်တော့တယ်
ရက်တွေကိုပြန်တွက်ကြည့်တော့ ချီရှန်ဝမ်ဂိုဏ်းရဲ့ရန်စမှုစဖို့က သိပ်မကြာတော့ဘူးပဲ ဘယ်လိုတားဆီးရမလဲ"ဒီက သခင်လေးက စာသင်သားပဲလား''
အသံထဲက ကြည်လင်မှုနဲ့ ပြုံးနေမယ်မှန်းသိသာတဲ့ဖော်ရွေမှုတွေကြောင့် ရင်ထဲမှာ ထိတ်ခနဲ
ကပျာကယာလှည့်ကြည့်တော့ အရမ်းကိုတွေ့ချင်နေတဲ့ လန်ရှီချန် အကို၂ သူ့ရဲ့လှည့်စားမှုတွေ ယုတ်မာမှုတွေ သိပြီးတုန်းက တည်ငြိမ်သွားတဲ့မျက်နှာထက်စာရင် အခုမြင်တွေ့ရတဲ့ အပြုံးခချိုချိုမျက်နှာတော်ကိုမြင်ရတာ မုန့်ယောင်အတိုင်းမသိပျော်ရွှင်ပါတယ်
"သခင်လေး ဘာလို့ငိုနေတာလဲ ကျွန်တော်နဲ့သိလို့လား''
တဖက်ကဘာမှမပြောပဲ မျက်ရည်စီးကြောင်းတွေနဲ့ သူ့ကိုမော့ကြည့်နေတဲ့ အကောင်ပေါက်လေး သနားကြင်နာစွာနဲ့ မျက်နှာထက်က မျက်ရည်ကိုသုတ်ပေးနေတုန်းမှာ
"မုန့်ယောင်!!!!!!!"
ဆိုတဲ့အသံကျယ်ကြီးနဲ့ မုန့်ယောင်ကိုယ်လေး ဆောင့်ဆွဲခံလိုက်ရပြီး ကျောပြင်ကျယ်နောက်ကိုရောက်သွားသလို ဘာဖြစ်မှန်းမသိလိုက်တဲ့ရှီချန်ရဲ့အမေးမျက်နှာ
"ဒါဘာဖြစ်နေတာလဲ ဘာအဓိပ္ပါယ်လဲ မုန့်ယောင်''
ရှီချန်အမြန်ရှင်းပြတော့တယ်
"ဒီက အကိုကြီး ကျနော်လဲအကြောင်းရင်းမသိပေမဲ့ ဒီကသခင်လေးက ငိုနေလို့ ကျနော်အဖော်ပြုပေးတာပါ''
"မလိုဘူး မင်းကဘယ်သူလဲ ဘာလို့ သူ့ကိုထိချင်တိုင်းထိရတာလဲ''
"နျဲ့ဂိုဏ်းချုပ် ခင်ဗျားဘယ်လိုပြောလိုက်တာလဲ သူ့အမှားမဟုတ်တာကို ဒီက လန်သခင်လေးကို ကျနော်ကပဲတောင်းပန်ပါတယ် ကျနော့်ကြောင့် အထင်လွဲခံရပြီ နျဲ့ဂိုဏ်းချုပ် ကိစ္စပြီးသွားပြီလား ပြီးပြီဆို ပြန်ရအောင် ကျနော်ပင်ပန်းနေပြီ''
![](https://img.wattpad.com/cover/180966187-288-k852521.jpg)