417 55 10
                                    

မုန့်ယောင် အသက်ရှူရခက်နေတယ် နေပူမရှောင် မိုးရွာမရှောင်အလုပ်လုပ်မိတဲ့အကျိုးဆက်ကဖျားမယ်ဆိုတာ သိနေပေမဲ့အခုလို ပြင်းပြင်းထန်ထန်ဖျားမယ်လို့မထင်မိ
ပြီးတော့ ခေါင်းကလဲမူးနေတယ် မူးတာမှ အိပ်နေရင်းကိုမူးနေတာ နားထင်ကိုသက်သာလိုငြားဖိကြည့်တော့

"မုန့်ယောင် နိုးပြီလား ခေါင်းမူးနေလို့လား''

အကိုကြီး?? သူမပြန်သေးဘူးလား မျက်လုံးကိုအားတင်းပြီးဖွင့်ကြည့်တော့ ဝတ်ရုံအပြည့်အစုံနဲ့ အကိုကြီး....
အိမ်မှာလဲမဟုတ်ဘူး ငါဘယ်မှာလဲ

မေးခွန်းမေးဖို့ပါးစပ်ဟလိုက်ပေမဲ့ ခြောက်သွေ့နေတဲ့လည်ခေါင်းကြောင့် နာကျင်ပြီး တံတွေးတောင်မြိုမချနိုင် ဒါကိုမြင်တဲ့နျဲ့မင်ကျွဲ့က ရေနွေးနွေးလေး ၁ပန်းကန်ငှဲ့ပြီး ပါးစပ်နားတေ့ပေးတော့မှ အငမ်းမရသောက်မိတယ်

"အခုဘယ်မှာလဲ အမေကော''

"မင်းအမေက အရှေ့လှည်းထဲမှာ အခု ကျုပ်အိမ်တော်ကိုပြန်နေတာ မင်းတို့သားအမိကိုပါ ခေါ်လာတာ''

သူ့စကားကြောင့် မုန့်ယောင်အသည်းအသန်ကုန်းထပြီး လိုက်ကာစကိုဆွဲဖွင့်တော့ တော်တော်ဝေးဝေးကိုရောက်နေပြီဖြစ်တဲ့ခရီးအကွာအဝေးကြောင့် ခေါင်းကပိုမူးနောက်လာတယ် ဘာလို့လဲ

"သခင်ကြီးကို ဒုက္ခပေးမိပြီ ကျနော် အမေနဲ့ပဲ သွားနေလိုက်ပါ့မယ်''

ပြောပြောနဲ့ လှည်းရပ်ခိုင်းပြီးဆင်းမယ်လုပ်တော့ မင်ကျွဲ့ဆွဲထားလိုက်တယ်

"မသွားနဲ့ တအောင့်နေလို့မှ ခရီးတထောက်နားရင် တွေ့လေ ခုကနာလန်ထစမလား လေစိမ်းတိုက်ရင် ပြန်ဖျားမယ် ငြိမ်ငြိမ်နေ''

မုန့်ယောင် ထပ်မပြောတော့ပဲ လှည်းထောင့်နားကို ကပ်သွားတာ ခေါင်းမီပြီး မျက်လုံးမှိတ်ထားလိုက်တော့တယ်
ခုချိန်မှာ စကားနိုင်လုဖို့အင်အားမရှိသေးဘူး

"သက်သာရဲ့လား''

နဖူးကို စမ်းဖို့လက်ကမ်းလာတော့ ရှောင်လိုက်ပြီး

"သက်သာပါတယ် ခဏအိပ်လိုက်ရင် သက်သာသွားမှာပါ''

"ဘာလို့ကျုပ်ကိုရှောင်နေရတာလဲ''

Return of Meng YaoWhere stories live. Discover now