514 74 12
                                    

ပေါက်​တူးနဲ့အချက်​​တော်​​တော်​များများ​ပေါက်​ပြီး​နောက်​ ပခုံး​ပေါ်တင်​ထားတဲ့ အ၀တ်​ပိုင်းနဲ့ မျက်​နှာက​ချွေး​တွေကိုပွတ်​သုတ်​လိုက်​ပြီး တိုက်​လာတဲ့​လေညှင်းကိုခံစား​တော့ ​အေးမြမြနဲ့​နေလို့​ကောင်းလိုက်​တာ

'အား​ယောင်​ လာ​တော့ ထမင်းစားကြမယ်​'

'ဟုတ်​ လာပြီ ဦးကြီး'

ပေါက်​တူးကိုပခုံး​ပေါ်တင်​ပြီး စိုက်​ခင်းထဲက​နေ ထွက်​လာခဲ့လိုက်​၏ မုန့်​​ယောင်​ ဒီနယ်​ကို​ရောက်​လာတာ ၃လစွန်းစွန်းရှိ​လောက်​ပြီ​ပေါ့ သားအမ၂​ယောက်​တည်း ပင်​ပန်းကြီးစွာ ဒီရွာငယ်​ထဲဝင်​လာ​တော့ သနားတတ်​ကြင်​နာတတ်​တဲ့ ရွာသား​တွေက ဒီမှာပဲ အ​ခြေချ​စေပြီး ​နေထိုင်​​စေခဲ့တယ်
ရွာက​တော့ 'Yin'မြို့​လေးပါတဲ့ စိုက်​ပျိုး​ရေးကိုပဲ အဓိကထားတာမို့ ရွာခံဆီက ​မြေတစ်​ကွက်​ကိုဝယ်​ပြီး လယ်​စိုက်​စားကာ ဘ၀ကို ​အေး​အေးချမ်းချမ်း ရုန်းကန်​ကြတယ်

*​အရင်​တုန်းကငါ့မှာ လူတကာကိုကပ်​ရပ်​ဖားပြီး အ​ပြောအဆိုခံရ​ပြီး ကုတ်​ကပ်​​နေ ယုတ်​မာခဲ့တဲ့အချိန်​​တွေနဲ့ အခုလို ​အေးရာ​အေး​ကြောင်း လယ်​စိုက်​စားတဲ့အချိန်​ ယှဉ်​ကြည့်​စမ်း
ဪ ငါဟာ​တော်​​တော်​မိုက်​မဲခဲ့တာပါလား*

ထမင်းပန်းကန်​ကိုင်​ပြီး ငိုင်​​နေတဲ့ မုန့်​​ယောင်​ကိုကြည့်​ပြီး အ​မေလုပ်​သူက

'သား စား​လေ ဘာလဲ စားမ​ကောင်းဘူးလား'

'Aiya အ​မေကလဲ ဟင်းကစား​ကောင်းလွန်းလို့ သားခဏငုတ်​တုပ်​​မေ့သွားတာပါအ​မေရဲ့😁😁😁'

'မုန့်​ရှီ နင့်​သားက​တော့ အ​ပြောချိုချက်​​အေ အရွယ်​​ရောက်​လာရင်​ မိန်းက​လေးဝိုင်းဝိုင်းလည်​​နေမယ်​​ဟေ့'

လယ်​သူအ​ဒေါ်ကြီးတစ်​သိုက်​ရဲ့ စ​နောက်​မှု​ကြောင့်​ မုန့်​​ယောင်​ ရှက်​ပြီး​ခေါင်းကြီးငုံ့ကာ ထမင်း​တွေချည်းလှိမ့်​စား​နေ​လေ​တော့တယ်

~~~~~~~~~

'နျဲ့ဂိုဏ်းချုပ်​'

'ရှာ​တွေ့ရဲ့လား'

Return of Meng YaoTahanan ng mga kuwento. Tumuklas ngayon