၂

803 93 9
                                    

Zawgyi ver

မုန့်​​ယောင်​ ဦး​လေးShuဆီမှာ တူရိယာအ​နေနဲ့ ဗျတ်​​စောင်းကိုပဲ​ရွေးချယ်​တီးခတ်​ဖို့သင်​ကြားခဲ့တယ်​ အရင်​က အကို ရှီချန်​ဆီက​နေသင်​ကြားခဲ့တဲ့တပိုင်းတစက​နေ လူသတ်​တဲ့အထိကျင့်​ကြံခဲ့​ပေမဲ့ အခုချိန်​မှာ မိခင်​ကိုလုပ်​​ကျွေးဖို့ဆိုတဲ့စိတ်​နဲ့ သင်​ကြား​တော့ လအနည်းငယ်​အတွင်း သူဟာဒီ​ဆောင်​ကြာမြိုင်​ရဲ့ လက်​သံအ​ကောင်းဆုံးသူဖြစ်​လာခဲ့တယ်​ ပါရမီထူးလို့ပွဲအ​တောင်းခံရဆုံးပဲ လူတိုင်းကလဲ သံစဉ်​​တွေက ​အေးချမ်းလှတာမို့ စိတ်​အပူမီးကြီး​နေချိန်​​တောင်​ ​အေးမြ​စေတယ်​လို့ ချီးကျူးတဲ့အထိပဲ

မိန်းက​လေးနဲ့ရိုးမှားရ​အောင်​ လှလှပပရှိတဲ့မုန့်​​ယောင်​ကိုရိသဲ့သဲ့ရှိကြ​ပေမဲ့ အပြုံး​လေးနဲ့ စကားချိုချို​ကြောင့်​ လူချစ်​လူခင်​များလှတယ်

တစ်​​နေ့ ​ဆောင်​ကြာမြိုင်​တစ်​ခုလုံး အုတ်​​အော့​သောင်းနင်းနဲ့ အ​ပျော်​မယ်​​တွေဆိုတာ ​တော်​ရုံနဲ့အ​ကောင်းစားအ၀တ်​အထည်​မ၀တ်​စားတဲ့သူ​တွေက လှလှပပပြင်​ဆင်​လို့ ​သေချာပါတယ်​ ​ရွှေဧည့်​သည်​လာပြီဆိုတာ

ကောင်း​ပေ့ဆိုတဲ့ဟင်းလျာ​တွေလဲချက်​ပြုတ်​ခိုင်းတယ်​ မုန့်​​ယောင်​မှာ တီးဝိုင်း​တွေဆီမသွားနိုင်​ဘဲမီးဖို​ဆောင်​မှာ ဟင်းအမယ်​​တွေစီစဉ်​​ပေးရ​တော့တယ်
ချွေးတလုံးလုံးနဲ့ ချက်​ပြုတ်​​နေချိန်​မှာ အ​ပေါ်ထပ်​မှာ​တော့

'သွားစမ်း သွားကြစမ်း ဘာ​တွေလဲ မျက်​စိ​နောက်​တယ်​ မ​နေနဲ့ငါ့အနား'

ဝုန်းဒိုင်းကျဲ​နေတဲ့အခန်းထဲက​နေ လှပတဲ့မိန်းက​လေး​တွေနဲ့အတူ ​သေရည်​အိုးတစ်​အိုးပါ လွင့်​ပျံလာတယ်​ ပြီး​တော့ အနီးကတိုင်​ကိုထိကာ ​အောက်​ထပ်​ကလူ​တွေအကုန်​ ဘာဖြစ်​​နေတာလဲဆိုပြီး စပ်​စပ်​စုစုကြည့်​တဲ့အထိပဲ

'ဘယ်​လိုလုပ်​မလဲ နင်​တို့ဟာ​လေ အသုံးကိုမကျဘူး ​ယောကျာ်းတစ်​​ယောက်​ ကို မဆွဲ​ဆောင်​နိုင်​ဘူးလားဟမ်​'

'အ​မေရယ်​ ​ပြောရက်​တာ သမီးတို့လဲ မြူတာ​ပေါ့လို့ သူကဘာသားနဲ့လုပ်​ထားလို့ သမီးတို့ထိတာမခံတုန်း အဲ့လိုဆို ဘာလို့ ဒီလာ​သေးလဲ ​တော်​ပြီ ထပ်​မလွှတ်​နဲ့​တော့ ထပ်​၀င်​လို့ သူထရိုက်​ရင်​ သမီးတို့အလှ​လေး ဆိုးရချည်​ရဲ့ ဒါ​လေးနဲ့လုပ်​စား​နေတာ မ၀င်​ဘူး မ၀င်​ဘူး'

Return of Meng YaoWhere stories live. Discover now