✴️6✴️

3.8K 396 4
                                    

Unicode

10.1.2021

Hyungနဲ့ချစ်သူဖြစ်ပြီးထဲက... နေ့ရက်တိုင်းသာယာနေတော့သည်..

မနက်ဆိုကျောင်းမသွားခင် တစ်ခါHyungကိုသွားတွေ့. နေ့လယ်ထမင်းစားချိန်တစ်ခါ... ညနေကျောင်းဆင်းရင်လဲ.. Hyungကိုဆိုင်မှာလာလာကူလုပ်ပေးသည်.. အကြောင်းရင်းကတော့ Hyungအလုပ်တွေမြန်မြန်ပြီးမှ.သူနဲ့Hyungလဲမြန်မြန်Dateလို့ရမယ်လေ.. 

ကျောင်းပိတ်ရက်ဆိုရင်တော့.. တနေကုန်Date.ကြတာပေါ့.. ခုလဲ ကျောင်းဆင်းလို့Hyungဆီကို... သွားတဲ့ခြေလှမ်းတွေက မြန်ဆန်နေသည်..

Hyung....

Gukie. ဖြေနိုင်လား..

Nae hyung..

ဗိုက်ဆာနေလား ခေါက်ဆွဲစားမလား

မစားတော့ဘူး Hyungကိုမြန်မြန်ကူလုပ်ပြီး ကျွန်တော်နဲ့.. ညစျေးသွားရအောင်လေHyung..

ဟုတ်ပါပြီ. ဒီနေ့တော့မကူနဲ့တော့လေ. အေးဆေးထိုင်နေ.

မရပါဘူး ချစ်သူတစ်ယောက်လုံးပင်ပန်းနေတာကို ကြည့်မနေနိုင်ပါဘူး.

ထိုသို့ပြောတော့ စကားတတ်လိုက်တာဆိုပြီး သူ့နှာခေါင်းအားအသာလာညှစ်တဲ့Hyung..

<<<

ညစျေးကအပြန်.. Hyungရဲ့လက်တစ်ဖက်အားအသာဆွဲကာ.. ဖြေးဖြေးချင်းပြန်လာလိုက်သည်..

Gukie.

Nae..

ကျောင်းပြီးသွားရင်ဘာလုပ်ဖို့စဥ်းစားထားလဲ..

အင်းးးးး... အထက်တန်းအောင်ရင်တက္ကသိုလ်တက်မယ်.. ဘွဲ့ရရင်.. အမေ့ကုမ္ပဏီကိုဆက်ခံမယ်. နောက်ပြီး. Hyungနဲ့လက်ထပ်မယ်..

သူ့အပြောကိုကြားတော့Hyungက ခပ်ဖွဖွရယ်သည်..

ဘာလို့မေးတာလဲHyung.

ဒီလိုပါဘဲ.. ကိုယ့်ချစ်သူကအနာဂတ်ကိုဘယ်လိုစဥ်းစားထားလဲသိချင်ရုံပါ..

အထွေထူးမရှိပါဘူး.. ကျွန်တော့ခေါင်းထဲမှာHyungနဲ့နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နေချင်တဲ့အတွေးတွေသာ ပြည့်နေတာ.

အာရီဂူးးးး... စကားတတ်လိုက်တာ.

စကားတတ်တာမဟုတ်ပါဘူး တကယ်ပြောတာကို..

&quot;LOVE EQUAL HATE&quot; [Uni & Zaw]Dove le storie prendono vita. Scoprilo ora