✴️16✴️

3.2K 358 11
                                    

Unicode

5.3.2021

Ji ahလေး တစ်ပတ်တိတိ ဆေးရုံတက်လိုက်ရသည်... သမီးလေးနား တစ်စက်မှမခွာတာကတော့ Hyungသာ.. သူကတော့... Companyသွားချိန်သွားပြီး... ကျန်တဲ့ချိန်တော့ Hyungနဲ့ သမီးလေးနားကပ်သည်..

သို့ပေမဲ့ hyungသည်သူ့အား စကားစမပြောပါ.. သူပြောမှသာပြန်ပြောသည်..တကယ်ပင်မနေတတ်ပါ.. သို့ပေမဲ့လဲ စကားမှားထားတာသူမလို့ Hyungစိတ်ပြေတဲ့ချိန်ထိသာ စောင့်နေလိုက်သည်....

ဒယ်ဒီ.. ပါပါးနဲ့မခေါ်ဘူးလားဟင်

Hyungသန့်စင်ခန်းဝင်နေတုန်း... သမီးလေးက သူ့အားမေးလာသည်..hyungသူ့အပေါ် သွေးအေးနေတာ ကလေးတောင်ရိပ်မိနေပြီHyungရဲ့..

ခေါ်ပါတယ်သမီးရဲ့. ဒါမဲ့ ပါပါးကဒယ်ဒီ့ကိုစိတ်ကောက်နေတာ..

ဟုလား.. ဒယ်ဒီဘာအပြစ်လုပ်ထားလို့လဲ..

ပြန်ပြောဖို့အလုပ် Hyungထွက်လာတာကြောင့်.. ခဏငြိမ်လိုက်မိသည်..

Ji ahလေး.. အိပ်ရအောင်လေ မနက်ဖြန် အိမ်ပြန်ရတော့မှာ.

နေပါဦး ပါပါးရဲ့ ဒယ်ဒီနဲ့စကားပြောမလို့ကို..

သမီိးကထိုသို့ပြောတော့. Hyungကသူ့အားတစ်ချက်သာကြည့်ပီး သိမ်းစရာရှိတာသိမ်းနေတော့သည်...

Ji ahလေး ပါပါးကအိပ်ဆိုအိပ်ရမယ်လေ သမီးလေးက လိမ္မာတယ်မလား

ဒယ်ဒီကလဲ... ပါပါးနဲ့မခေါ်ဘဲ ပါပါးဘက်ကဝင်ပြောနေပြန်ပြီ...

အင်းးးး... ပါပါးကဒယ်ဒီကိုမခေါ်ပေမဲ့ ဒယ်ဒီကတော့ ပါပါးကိုချစ်တယ်လေ... အ့ကြောင့်..

ဟွန့်....

ပါပါးကမခေါ်လို့ပါ ဒယ်ဒီကခေါ်ပြီးချစ်ချင်နေတာကြာပြီ..

ပါးစပ်ကသမီးကိုပြောနေပေမဲ့ မျက်လုံးတွေကတော့Hyungဆီမှာသာ..

ကလေးကို မဟုတ်တာတွေပြောမနေနဲ့တော့..

Hyungကလဲ..

မနက်ဖြန်သမီး ဆေးရုံကဆင်းမှာ... နောက်မကျစေနဲ့..

ဒီစကားကတော့ တစ်ပတ်လုံးလုံးHyungဆီမှစပြောသောစကားပင်... ဘာစကားဘဲဖြစ်ဖြစ်.. Hyungစိတ်ပြေဖို့လမ်းစမြင်နေတာကြောင့် ခေါင်းသာ.. တစ်ဆက်ဆက်ငြိမ့်ပြလိုက်သည်..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now