✴️3✴️

4.6K 475 7
                                    

Unicode

18.12.2020

နာကျင်မှန်းသိရက်နဲ့ အတိတ်ကိုပြန်တွေးမိတဲ့ ဦးနှောက်မှာအပြစ်မရှိဘူး...
ပြန်တွေးမိအောင် အမှတ်တရတွေဖန်တီးမိခဲ့တဲ့ လူမှာဘဲ အပြစ်ရှိတယ်...

Hyung..

ဟင်.. Jungkookတစ်ယောက်ထဲလား

ဟုတ်တယ်.. ကျန်တဲ့၂ယောက်က. ကျောင်းမှာကိစ္စလေးရှိလို့..

အင်း .. ခေါက်ဆွဲအေးပဲမလား. ခဏစောင့်နော်..

Nae....

.ကဲ.. ဒီမှာရပြီ. စားတော့..

ထိုသို့ပြောတော့ သူ့အားကြည့်ကာ.. အပြုံးနုနုပေးရင်း... ထုံးစံအတိုင်း ကောင်းကောင်းစားပါ့မယ်. ဆိုကာ.. ခေါက်ဆွဲကိုအားရပါးရစားလေသည်.

လာတဲ့ချိန်က လူကျတဲ့ နေ့လယ်စာစားချိန်မဟုတ်တာကြောင့်... ဆိုင်အတွင်း ဧည့်သည်က ထင်သလောက်မများ...

Jungkookက ခေါက်ဆွဲအေး အတော်ကြိုက်တယ်ထင်တယ်.

Nae..ခေါက်ဆွဲဆို အပူအအေး အချဥ် အချို အစပ် အကုန်ကြိုက်တယ်..

ခေါက်ဆွဲသရဲလေးပေါ့

ဟီးဟီး..

Jungkookကဘူဆန်သားလား

ဟင့်အင်း... ဆိုးလ်က..

......

Hyungညနေအားလား..

အင်း. ဆိုင်သိမ်းပြီးရင်တော့အားပြီ ဘာလို့လဲ.

ဒါဆို ညနေကျွန်တော်လာခေါ်မယ်လေ.. ပိုရင်းနှီးသွားအောင် ညဈေးသွားရင်း တစ်ယောက်အကြောင်း တစ်‌ယောက်ပြောပြရင်မကောင်းဘူးလား

အင်းဟုတ်ပြီလေ..

Time skip,

Hyung..

Jungkookခဏနော်.. အနွေးထည်ဝတ်လိုက်ဦးမယ်.

Nae...

ညဈေးတန်းသို့ရောက်တော့.. အစားကိုသာဦးစားပေးရင်း... တခုပြီးတခု ဗိုက်ပြည့်ပြီး. မဆန့်တော့တဲ့ထိ ၂ယောက်သားစားနေမိသည် စားသောက်ပြီးစီးတော့... ဈေးတန်းကထွက်ကာ.. ၂ယောက်စကားပြောလို့ကောင်းမဲ့နေရာသို့..

ဝါး... ဒီနေ့တော့jungkookကျေးဇူးကြောင့် ဗိုက်တော်တော်တင်းသွားပြီ

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now