✴️5✴️

3.8K 413 6
                                    

Unicode

30.12.2020

အချိန်ကတော့ ပုံမှန်အတိုင်းလည်ပတ်နေပေမဲ့.... Hyungပေါ်ထားတဲ့သူ့ခံစားချက်တွေကတော့ ပုံမှန်မဟုတ်ဘဲ တဖြေးဖြေးပြင်းထန်လာသည်..

ဖွင့်ပြောဖို့ သတ္တိ မွေးပေမဲ့... ပြောမထွက်ဖြစ်တာများသည်. ဒါကြောင့်... ဒီတစ်ခါ စာမေးပွဲပြီးတဲ့ရက်ကျရင်တော့ Hyungနဲ့ အတူလည်ပတ်ပြီး ဖွင့်ပြောဖို့အားခဲထားသည်..

ဟာ မိုးတောင်ကျလာပြီ...

ကျောင်းဆင်းချိန်မိုးရွာလာတာကြောင့်... အခက်တွေ့ရပြန်သည်... ကျောင်းဝန်းထဲက တခြားသူတွေလဲ.. အုပ်စုလိုက်ပြေးသူကပြေး ထီးဆောင်းကဆောင်းနဲ့.. သူကတော့.. ထီးမပါလာတာမို့... မိုးမိဦးမယ်ထင်ပါတယ်..

ဒီနေ့ကျမှ အတူပြန်တဲ့Hoseokနဲ့Yoongiက... အတန်းချိန်စောပြီးပြန်သွားသေးသည်. ဟူးး. ထီးယူရမှာပျင်းတဲ့အပြစ်ပေါ့.... ထို့နောက်. ပိုသည်းလာမှာစိုးတာကြောင့် လက်ကိုခေါင်းပေါ်တင်ကာ အိမ်အမြန်ပြေးရတော့သည်...

အိမ်အရောက် ရေအမြန်ချိုးကာ ခေါင်းသုတ်နေရင်း အပြင်ဘက်ကမဆဲသေးတဲ့မိုးကြောင့် သက်ပြင်းချမိပြန်သည်.. ဒီမိုးကြောင့်Hyungဆီတောင်မသွားဖြစ်လိုက်ဘူး... တွေးရင်း စာအုပ်ထုတ်ကာစာသာလုပ်နေလိုက်သည်.

စာလုပ်နေရင်း တံခါးဖွင့်သံကြားလို့ အဖိုးလို့ထင်မိပေမဲ့ သူ့အားနောက်ကနေ ဖက်တွယ်လာသလိုခံစားမိတာကြောင့်လှည့်ကြည့်လိုက်တော့ Hyungပင်...

ဟင်Hyung...

Jungkook ah...

ဘယ်လိုလုပ်ဒီရောက်လာတာလဲ.

မင်းကိုတွေ့ချင်လို့ပေါ့..

ကျွန်တော့ကို..တွေ့ချင်လို့?ဘာဖြစ်လို့လဲ

လွမ်းလို့..

ဟင်..

ဘာလို့လဲမလွမ်းရဘူးလား

မဟုတ်ပါဘူး ဒီတိုင်း. ထူးဆန်းလို့...

.....

Hyungမိုးတွေစိုနေတာဘဲ မအေးဘူးလား..

အင်းအေးတယ်

ဒါဆို နွေးနွေးလေးနေလေ. ကျွန်တော့အဝတ်တွေလဲလိုက်ပါလား

"LOVE EQUAL HATE" [Uni & Zaw]Hikayelerin yaşadığı yer. Şimdi keşfedin