✴️8✴️

3.3K 386 9
                                    

Unicode

16.1.2021

ခုဆို. ကိုယ်ဝန်တစ်လရှိနေပြီဖြစ်ပေမဲ့ Gukieကို အသိမပေးရသေးပါ.. ခုထိလဲဝေခွဲမရဖြစ်တုန်းပင်..

Jiminမင်းဒီလိုဘဲနေနေတော့မှာလား.. မင်းမပြောပြလို့ ဗိုက်ကိစ္စကပြီးသွားမှာမဟုတ်ဘူး..

အကိုတစ်ယောက်နှယ်ဖြစ်နေသည့်Jin Hyungကတော့ အဲ့နေ့ကတည်းကသိပြီး... Gukieကိုပြောပြဖို့ အမြဲသတိပေးသည်. ဒါမဲ့လဲ သူတုံ့ဆိုင်းဆဲ...

ကျွန်တော်ပြောပြမှာပါHyung..

ဘယ်ချိန်လဲ ဗိုက်ထဲက ကလေးထွက်လာပြီးမှလား..

.......

ဒီမှာJimin.. hyungပြောပြမယ်.. ဒီကိစ္စကသိုဝှက်နေလို့ရမဲ့အရာမဟုတ်ဘူး. နောက်ပြီိး ကာယကံရှင်မင်းတို့၂ယောက် ကိုယ်တိုင်ကြည်ဖြူလို့လုပ်ခဲ့တဲ့ကိစ္စဘဲ..

ဒါမဲ့..

ဒါမဲ့တွေဘာတွေမကြားချင်ဘူးJimin,မင်းပြောရင်ပြော မဟုတ်ရင်.. ငါကိုယ်တိုင်ပြောမှပိုဆိုးကုန်မယ်..

Naeကျွန်တော် ကိုယ်တိုင်ပြောပါ့မယ်..

ဒီနေ့.. အမေ. လာမယ်ဆိုလို့ ပြင်ဆင်စရာရှိတာပြင်ဆင်ထားရသည်.. ကျောင်းပိတ်ရက်မို့ အမှန်ဆို hyungနဲ့.. တနေကုန်နေနေရမဲ့ဟာကို... ခုတော့အိမ်မှာ. ရောက်ခါနီးအမေ့အား အဖိုးဖြစ်သူနဲ့ထိုင်စောင့်နေရသည်.

တစ်နာရီလောက်ကြာတော့. အိမ်ရှေ့သို့ကားတစ်စီးဆိုက်ရောက်လာသည်. သေချာတာကတော့အမေ့ကားပင်..

လေယာဥ်ဖိုးမတတ်နိုင်တဲ့သူလဲမဟုတ်ပါဘဲ... ကိုယ်တိုင်ကားမောင်းလာရတယ်လို့ မကြောက်မလန့်..

အမေ့ကိုမြင်တော့ အဖိုးက.. စိုးရိမ်စွာဆူပူသည်..

ဘာမှမဖြစ်ပါဘူး အဖေရဲ့...

အိမ်ထဲရောက်တော့...

အဖေ လဲနေကောင်းတယ်မလား.

ကောင်းပါတယ်.. ဒေါင်ဒေါင်ကိုမြည်လို့..

တစ်ခုခုနေလို့မကောင်းတာဘာညာဆို သမီးကို‌ပြောနော်.ခု.. နိုင်ငံခြားကအလုပ်ကိစ္စပြီးပြီဆိုတော့. အရင်လို... တစ်လတစ်ခါလောက်တော့ လာကြည့်ဖြစ်မှာပါ...

"LOVE EQUAL HATE" [Uni & Zaw]Dove le storie prendono vita. Scoprilo ora