✴️Final✴️

8.5K 476 29
                                    

Unicode

13.4.2021

Gukie... ထတော့

မနက်တောင်ရောက်သွားပြီလား..

မျက်လုံးလေးဖွင့်ကြည့်ပါဦး...

ခဏလေးဘဲထပ်အိပ်ပါရစေ Hyung

မျက်လုံးမဖွင့်ဘဲပွစိပွစိပြောကာပြန်အိပ်သွားတဲ့ ချစ်ရသူတင်ပါးအား အသာရိုက်လိုက်ကာ.

ပြောတော့ ဒီနေ့ အစည်းအဝေးက အရေးကြီးတယ်ဆို..

၅မိနစ်ပါဘဲHyungရယ်. ညကလဲပင်ပန်းထားတော့..

ပြောမရရင် သွားတော့မယ် ထချင်ထ မထချင်နေတော့.

ထိုအခါမှပြူးပြူးပြာပြာဖြင့်.

ထပါပြီHyungရယ် စိတ်တော့မဆိုးလိုက်ပါနဲ့.

စိတ်ဆိုးမှာအဲ့လောက်တောင်ကြောက်လား

အင်း အကြောက်ဆုံးဘဲ

အပိုတွေ

တကယ်ပါဆို.

သွားရေချိုးတော့ အဝတ်ထုပ်ပေးထားမယ်.

Yes sir.

ရေချိုးပြီးဝတ်ဖို့ အဝတ်ထုပ်ပေးကာ.. သူအောက်ထပ်သို့ဆင်းပြီး မနက်စာပြင်ရသည်.အငြိမ်မနေတဲ့အချိန်တွေကြောင့် အရာရာပြောင်းလဲကုန်ပြီ...

သူတို့မိသားစုလဲ ဘူဆန်ကနေထွက်လာပြီး ဆိုးလ်မှာပြန်အခြေချကြရတယ်. Gukieအလုပ်တွက်လေ.. Gukieကတော့.. companyရဲ့CEOပြန်ဖြစ်နေပြီ.. jin hyungတို့နဲ့ဘဲ.. အေးအေးချမ်းချမ်းနေချင်ပေမဲ့ Gukieအလုပ်ကရှိသေးတော့ ဖြစ်သင့်တာကိုဦးစားပေးရတာ သဘာဝဘဲလေ..

Min Gukလေးလဲ ခုဆို. မူလတန်းကျောင်းသားလေးဖြစ်လို့.နေပြီ. သမီးလေးသာရှိသေးရင် ဒီချိန်အလယ်တန်းကျောင်းသူကြီးဖြစ်ပြီး ဘယ်လောက်ချစ်ဖို့ကောင်းနေလိုက်မလဲ..

သမီးလေးရှိတဲ့ဘူဆန်ကိုတော့ သူတို့ တစ်လတစ်ခါသွားဖြစ်တာပုံမှန်ဘဲ.. Gukieကမေးတယ်.. သမီးလေးရဲ့အရိုးပြာအိုးကိုဘာလို့ဘူဆန်ယူသွားတာလဲ Hyungတဲ့... အမှန်ဆိုသမီးလေးကဆိုးလ်မှာကြွေလွင့်ခဲ့ရတာ မှန်ပေမဲ့.. တစ်သက်လုံး ဆိုးလ်ကိုပြန်မလာတော့ဘူး. ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ သမီးလေးကိုပါသူနဲ့ အပါခေါ်သွားခဲ့တာ. ခုတော့လဲ ဆိုးလ်ကိုပြန်ရောက်နေတာပါဘဲ..

"LOVE EQUAL HATE" [Uni & Zaw]حيث تعيش القصص. اكتشف الآن