✴️24✴️

4.1K 426 13
                                    

Unicode

2.4.2021


အရင်က ပစ္စည်းထားတဲ့စတိုခန်းက ခုတော့Jungkookတွက်ဖြစ်သွားခဲ့ပြီ...

ညစာစားချိန်ဖြစ်တာကြောင့် သားအားထမင်းကျွေးဖို့ပြင်တော့.

ပါပါး ဦးဦးကော ထမင်းမစားဘူးလား

ဟင်...

သွားခေါ်လိုက်လေ ပါပါးဘဲပြောထားတယ်မလား လူဆိုတာစိတ်ကောင်းရှိရတယ်ဆို.

အာ အင်းပါ...

ကိုယ့်စကားနဲ့ကိုယ်မလို့... ခေါင်းငြိမ့်လိုက်ရသည်.

ဒေါက်ဒေါက်...

Nae..

ထမင်းစားမယ်ထွက်ခဲ့

အာ... မစားတော့ပါဘူး

လျှာမရှည်နဲ့ သားခေါ်ခိုင်းလို့လာခေါ်တာ ထွက်ခဲ့...

အံ့သြပ့... ထမင်းမစားဘဲလူကဘယ်လိုအားရှိမှာလဲ... အဆာလွန်ရင်ဗိုက်အောင့်တတ်တဲ့အကျင့်ရှိတာကိုမသိဘူးလား... ဦးနှောက်မရှိတဲ့Jeon Jungkook

ပွစိပွစိဖြင့်ဆင်းသွားပြီးနောက် မကြာပါထမင်းဝိုင်းသို့ Jungkookရောက်လာခဲ့သည်..

ကျေးဇူးတင်ပါတယ်.. ကောင်းကောင်းစားပါ့မယ်..

နောက်လဲ ထမင်းကျွေးမယ်.. အလကားတော့မဟုတ်ဘူး အကြွေးမှတ်ထားမယ်.

အာ. Nae..

ဟွန့် အပိုးကျိုးနေလိုက်တာ...

ဦးဦး ထမင်းစားပြီးရင် သားနဲ့ဂိမ်းကစားမလားဟင်..

Min Guk.... စာလုပ်ရမယ်လေ.. ဘာကိုဂိမ်းကစားမှာလဲ.

ပါပါးကလဲ စာလုပ်ပြီးရင်ကစားမှာပေါ့..

နိုးနိုး စာလုပ်ပြီးရင်အိပ်ဖို့ပြင် အပိုအလုပ်တွေမလုပ်နဲ့... တစ်ညနေလုံးလဲ Taehyungနဲ့ကစားပြီးပြီမလား..

တူမှမတူတာကို.

Min Guk...

သူအော်လိုက်တော့ ငိုမဲ့မဲ့ဖြစ်သွားတဲ့သား စိတ်မကောင်းပေမဲ့ မတတ်နိုင် .. jungkookနဲ့ မရင်းနှီးဖို့ကအဓိက..

ညအိပ်သည်အထိ သားကသူ့ကိုစိတ်ကောက်နေဆဲ.. သက်ပြင်းအသာချကာ.. ဘေးနားသွားလှဲတော့. ဟိုဘက်လှည့်သွားတော့သည်. သားမျက်နှာတစ်ကမ္ဘာမလို့.. သူ့မှာမနေတတ်.. နောက်ဆုံးတော့လဲ သူကဘဲအလျှော့ပေးလိုက်ရတော့သည်..

"LOVE EQUAL HATE" [Uni & Zaw]Wo Geschichten leben. Entdecke jetzt