✴️7✴️

3.6K 375 7
                                    

Unicode

11.1.2021

ပုံမှန်ထနေကျအချိန်ထက် နောက်ကျစွာနိုးလာခဲ့သည်..
မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတဲ့ မျက်နှာလေးကြောင့် ရင်ထဲကြည်နူးမှုကအပြည့်.. ကြည်နူးနေလို့မဖြစ်သေးပါဘူးလေ.. ညထဲက. ၂ယောက်လုံးညစာပင်မစားလိုက်ရ..

ဒါကြောင့်. ချစ်ရတဲ့သူနိုးလာရင်အဆင်သင့်စားလို့ရအောင်. ပြင်ဆင်ဖို့. အိပ်ယာမှထလာခဲ့သည်..

အခန်းအပြင်အဆင်အရ.. Gukieငှားထားတယ်ဆိုတာသိလိုက်ရသည်. ဒီကလေးဟာလေ. မလိုတာတွေ တအားသုံးတာဘဲ.. ရေခဲသေတ္တာကိုဖွင့်ကြည့်ပေမဲ့ ဘာမှရှိမနေ..

ဒုက္ခပါဘဲ. Gukieနိုးလာရင်ဗိုက်ဆာနေတော့မှာ..

ထိုချိန်.. ခါးအားရစ်ပတ်လာသောလက်တစ်စုံနဲ့အတူ... ပုခုံးထက်ကျရောက်လာတဲ့ ဦးခေါင်းလေး..

ဟင်Gukieနိုးပြီလား..

အင်း. နိုးနိုးချင်းHyungကိုမမြင်တော့. ပြန်သွားပီထင်နေတာ..

မပြန်ပါဘူး. Gukieထလာရင် ဗိုက်ဆာနေမှာစိုးလို့ တစ်ခုခုပြင်ဆင်ဖို့လုပ်ပေမဲ့ ဘာမှရှိမနေတော့ခက်တယ်..

ဟာ ဘာမှမလုပ်ပါနဲ့Hyungကလဲ.. ခဏဘဲစောင့် ရေချိုးပြီးအပြင်မှာသွားစားကြမယ်.

အာရီဂူးး. ပိုက်ဆံတွေအလကားကုန်အောင်လို့... ခေါက်ဆွဲဆိုင်ဘဲသွားပြီး...

မရပါဘူး. ငြင်းမယ်မကြံနဲ့Hyung..

ဟုတ်ပါပြီ အသုံးကလဲကြီးပါ့..

Hyungနဲ့လက်ထပ်ပြီးမှ အသုံးမကြီးအောင်.. သေချာဆုံးမပေး. ခုတော့သွားကြရအောင်ပါ.

ဟုတ်ပါပြီ ကလေးဆိုးကြီးရာ.

ဟီး

<<<

မနက်စာကိုHyungနဲ့ဆိုင်မှာအတူစားပြီး.. လက်ချင်းတွဲကာပြန်လာလိုက်သည်. ကျောင်းဖွင့်ရက်ပေမဲ့ မသွားချင်... အိမ်ကအဖိုးကိုတော့ ကျောင်းသွားတယ်ဆိုပြီးဘဲ လိမ်ထားရတာပေါ့လေ..

Hyungကလဲ ဒီနေ့တစ်ရက်အလုပ်နားလိုက်တာမဟုတ်ဘူး..

Gukieကလဲ မနက်ဖြန်ဘဲအလုပ်နားရက်ရောက်နေပြီကို. ဒီနေ့ထဲကနားလို့ဘယ်ဖြစ်မလဲ နောက်ပြီးJin Hyungတစ်ယောက်ထဲလဲ နိုင်မှာမဟုတ်ဘူး..

&quot;LOVE EQUAL HATE&quot; [Uni & Zaw]Where stories live. Discover now