✴️17✴️

3.1K 338 18
                                    

Unicode

7.3.2021

နောက်ပိုင်း သူတို့အိမ်ထောင်ရေးမှာ.. သာယာပေမဲ့ .. တစ်ချို့သော. ပြဿနာလေးတွေကတော့ ဖြစ်စမြဲ ဖြစ်ရတဲ့အကြောင်းရဲ့အဓိကတရားခံဟာလဲ Shin Layသာ...

သမီးလေးကိစ္စဖြစ်ပြီးထဲက. သမီးလေးကို သူမပါဘဲ ဘယ်သူ့လက်ထဲမှမထည့်တော့ အထူးသဖြင့်Shin Layလက်ထဲပေါ့....

Gukieအတွက်တော့ သူကညီမတစ်ယောက်လိုဆိုပစေဦး... သူမကအတော်မာယာများမှန်းတော့သူရိပ်မိသည်. Gukieရှေ့မှာသာ မခုတ်တတ်တဲ့ကြောင်လေးသဖွယ်နေတတ်ပြီး.. သူနဲ့မျက်နှာချင်းဆိုင်ရင်တော့ အကြည့်တွေကိုကကျောချမ်းစရာ..

Hyung. ဘာတွေတွေးနေတာလဲ. ကျွန်တော်သွားတော့မယ်နော်..

အင်းဂရုစိုက်သွား Gukieကြိုက်တဲ့ဟင်းHyungချက်ပေးထားမယ်..

မွ....

ဒယ်ဒီ ပါပါးကိုဘဲမပေးနဲ့လေ သမီးလဲရှိတာကို.

ဟုတ်ပါပြီကွာ.. ချစ်စရာနတ်သမီးလေးကိုလဲပေးရမှာပေါ့. မွ..

ဟီး.. ပြန်လာရင်ရေခဲမုန့်ဝယ်ခဲ့နော် ဒယ်ဒီ.

အမိန့်တော်တိုင်းပါ...

အစည်းဝေးပြီးလို့ထွက်လာတော့ ရုံးခန်းထဲ အမေဖြစ်သူရောက်နေလေသည်.. အမေနဲ့လဲ. Companyမှာသာအမြဲတွေ့ရတယ် အေးလေ အိမ်သွားလည်ပြီး. ဒါအမေ့မြေးဆိုပြီး ပြရမဲ့အခြေနေလဲမဟုတ်တော့..

Companyမှာသူကအထက်လူကြီးပေမဲ့. Shareတစ်ဝက်ကို အမေကပိုင်သည်..

အမေ ရောက်နေတာကြာပြီလား

မကြာသေးဘူး အရေးကြီးတာပြောဖို့လာတာ.. အစည်းဝေးကောအဆင်ပြေရဲ့လား

ပြေပါတယ်.. ဒါနဲ့အရေးကြီးတယ်ဆိုတာက..

မင်းသိတဲ့တိုင်းဘဲ Shin layကဒီကိုလာတယ်ဆိုတာ အမေ့ကိုအားကိုးပြီးလာတာလေ. သူ့မိဘတွေကလဲ အမေတို့သားမိကိုယုံကြည်လို့... ဒါကြောင့် ခုသူအလုပ်စနေတာတောင် အမေနဲ့ဘဲအတူနေနေတာ.

အမေဆိုလိုချင်တာက?

ခု... ပြင်သစ်က အမေ့သူငယ်ချင်းနာရေး. သွားရမယ်.. မသွားလို့မဖြစ်တဲ့ကိစ္စမလို့ ဒီလိုဆုံးဖြတ်တာ.. အမေသွားရင် Shin layကတစ်ယောက်ထဲကျန်ခဲ့မှာ. ကလေးမဟုတ်ပေမဲ့စိတ်မချဘူး.. သူကခုမှတက်သစ်စ... မန်နေဂျာတွေဘာတွေနဲ့လဲ ရောရောနှောနှောနေတာမဟုတ်ဘူး.. ဒါကြောင့် အမေမရှိတဲ့အတောတွင်း Shin layကို မင်းတို့အိမ် ခေါ်ထားပေးဖို့ တောင်းဆိုတာ...

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now