✴️25✴️

4.3K 430 12
                                    

Unicode

5.4.2021

Jiminတစ်ယောက်... ဆူပုတ်လျက်ရှိသည်. အရင်ကပန်းဆိုနူးနူးညံ့ညံ့ကိုင်တွယ်ပေမဲ့ ခုတော့... ကြမ်းတမ်းနေမိသည်. ပစ္စည်းတွေကိုလဲ တဒုန်းဒုန်းတဒိုင်းဒိုင်း ဆောင့်ချနေတာကြောင့် အသံတွေဟာ ပန်းဆိုင်အတွင်းဆူညံလို့.....

သူဒီလောက်လုပ်နေတာတောင် သူ့ရှေ့ကလူသား Jeon JungKook ကသူ့အားတစ်ဆက်မှပင်လှည့်မကြည့်ဘဲ.. မျက်စောင်းထိုးကော်ဖီဆိုင်က.. အဒေါ်ကြီးအား ပန်းတွေအကြောင်းရှင်းပြနေလေရဲ့..

ပွစိပွစိပြောတတ်လွန်းတဲ့အဲ့ဘွားတော်ကြောင့် အလုပ်ရှုပ်တာနဲ့Jungkookကိုရှင်းပြခိုင်းခြင်းပင်... ရှင်းပြခိုင်းတာမှားများမှားသွားပြီလား တော်ရုံနဲ့မပြန်ဘဲဆိုင်ထဲရှိသမျှ ပန်းတွေအကြောင်းလိုက်မေးနေတာ ဟိုကလဲသူသိသလောက်ရှင်းပြနေတာ ဒါကိုဘွားတော်ကလဲ တော်တယ်တော်တယ်နဲ့. သွားကြီးကိုဖြီးလို့.. မြင်ရတွေ့ရတာမကောင်းလိုက်တာ..

အတန်ကြာတဲ့ထိမပြန်သေးတာကြောင့်. သူစိတ်တိုလာသည် ဝယ်တာကတစ်ပွင့်လောက်နဲ့ရှင်းပြနေရတာတစ်ဆိုင်လုံး.... ဟိုတစ်ယောက်ကြည့်တော့လဲ ပါးစပ်ကအမြှုပ်ထွက်တော့မယ်. ငါနော် စိတ်ထိန်း စိတ်ထိန်း. Customerဘဲ..

အကုန်လုံးလဲမေးပြီးပြီဆိုတော့.. မ,နားလည်သွားပါပြီ.

ဟုတ်ကဲ့ပါ မကြာခဏများများလာအားပေးပါ. မ

Jimin's pov,တ မ,မ နဲ့ ဘာတွေဖြစ်နေကြတာလဲ..

ဒါနဲ့မောင်လေးမှာ. ချစ်သူရှိလားဟင်.

အာ ချစ်သူကတော့မရှိပါဘူး ဒါမဲ့အိမ်ထောင်...

ဟယ်. ဒါဆို မ,မျှော်လင့်လို့သေးတာပေါ့နော်

Nae?

အဟမ်း... ဝယ်စရာရှိတာဝယ်ပြီးရင်လဲပြန်ပါတော့ customer...ဝယ်တာကတစ်ပွင့်လောက်နဲ့.. တစ်ဆိုင်လုံးကိုစပ်စုနေတာကိုပြန်ဖြေနေရတာ.. မညီမျှဘူးထင်တယ်နောက်ဆုံး သူများရဲ့ကိုယ်ရေးကိုယ်တာကိုပါ.. စပ်စုနေတာဆိုတော့သည်းမခံနိုင်တော့ပါဘူး.

အနားရောက်လာကာ အံကြိတ်ပြီးပြောနေတဲ့Hyungကြောင့် သူမရယ်မိအောင်ထိန်းထားရသည်.

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now