✴️29✴️

4.5K 384 14
                                    

Unicode

11.4.2021

အရူးထမနေဘဲ ငါ့ပေါ်ကဖယ်

အရူးထနေတာမဟုတ်ဘူး အတည်ပြောနေတာ..

Jungkook..

Hyungလဲကျွန်တော့ကိုချစ်သေးတာသိတယ်. ထပ်ပြီးမညာဘဲနေကြရအောင်..

ဘယ်သူကညာနေလို့လဲ. ရှက်လို့ဟာကို

အသံပိစိလေးနဲ့မကြားတကြားပြောတဲ့သူလေးကြောင့် အသဲယားစွာအသာရယ်မိတော့ မျက်စောင်းလေးနဲ့ကြည့်လာသည်..

Hyung.. ချစ်တယ် အရမ်းဘဲ

ပြောပြီးပြီးချင်းပြူးကြည့်နေတဲ့ အသဲလေးနှုတ်ခမ်းအား ညှင်သာစွာဖိကပ်လိုက်သည်..
ပြန်တုန့်ပြန်လာတဲ့Hyungကြောင့် သူ့အသဲတွေကြွေကျသွားပီလား‌တောင်အောက်မေ့ရသည်...

အဟမ်း...

ဘေးကချောင်းဟန့်သံကြားမှ နှစ်ယောက်သား အနမ်းတွေကိုရပ်တန့်မိသည်.

ငါဝင်မပြောလဲရပါတယ်ဆိုပြီး ငြိမ်နေတာကို. မပီးနိုင်မစီးနိုင်ဖြစ်ပျက်နေကြလို့ဝင်ပြောရတာ

Jin hyung.

ဘာjin hyungလဲ.. နည်းနည်းပါးပါးပွန်းပဲ့သွားပြီး ဆေးရုံအခန်းထဲဝင်နေတဲ့ကိုယ်တော်ချော.. တခြားသူတွေကိုလဲအားနာပါဦး ပီးတော့အောက်ကဟိုအသေးလေး.. ပြောတော့မချစ်တော့ဘူး မချစ်တော့ဘူးနဲ့ နမ်းနေတာကြ ငမ်းငမ်းတက်.

Hyung!!!

အော်လာတဲ့အသံစူးစူးကဘယ်လောက်ကျယ်လဲဆို.. သူနဲ့Jin hyungနားပိတ်ထားရသည်ထိ...

~~

Ji ahလေး... ပါပါးလာတယ်.. ဒီတစ်ခါပါပါးတစ်ယောက်ထဲမဟုတ်ဘူး. နတ်သမီးလေးရဲ့ဒယ်ဒီလဲပါတယ်.. သမီးလေးတွေ့ချင်နေတယ်မလား.

ဒယ်ဒီနတ်သမီးလေး... အရင်ဆုံးဒယ်ဒီကတောင်းပန်ပါတယ်... ခွင့်လွှတ်ပေးမယ်မလားဟင်... ပါပါးနဲ့မောင်လေးတွက်. ဒယ်ဒီအစွမ်းကုန်ကြိုးစားပြီး အစွမ်းကုန်စောင့်ရှောက်မှာပါ... သမီးလေးကိုလဲမမေ့သွားပါဘူး.. တစ်ရက်မှလဲမမေ့ခဲ့ပါဘူး ဒယ်ဒီရင်ထဲ သမီးလေးအမြဲရှိတယ်ဆိုတာ ယုံပေးမယ်မလား.

ဘေးနားကမျက်ရည်ကျနေတဲ့Hyungအား အသာဆွဲလို့ရင်ခွင်ထဲထည့်ကာ...

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now