✴️15✴️

3.3K 346 18
                                    

Unicode

21.2.2021

ဒီနေ့ဟာ.. သမီးလေး. ၃နှစ်ပြည့်မွေးနေ့...
သမီးလေးမွေးပြီးကတည်းက.. သူတို့မိသားစု... ကွန်ဒိုကို ပြောင်းနေခဲ့ကြတယ်...
Companyကိုတော့Gukieကဦးစီးမြဲ. သူကတော့ အိမ်မှာနေရင်း.. သမီးလေးကိုထိန်း ချက်ပြုတ်လျှော်ဖွတ်.. အိမ်ရှင်မတစ်ယောက်လိုပါဘဲ....

အိမ်ထောင်ရေးကတော့ သမီးလေးကဆုလာဒ်တစ်ခုလိုဘဲ... Ji ahလေးကြောင့်ဘဲ.. ပျော်ရွှင်မှုတွေ အများကြီးရတယ်.. ခုလဲ သမီးလေးမွေးနေ့တွက်... ချက်ပြုတ်နေခြင်းဖြစ်သည်....

ခါတိုင်းနဲ့မတူစွာ ဒီနှစ်မွေးနေ့မှာ Jin Hyungတို့ကော... Jin hyungမိဘတွေပါ လာမှာမလို့. ပိုပြီးအလုပ်မအားနိုင်ဖြစ်နေလေသည်.. Gukieတစ်ယောက်ကတော့. သမီးလေးနဲ့. ဆော့နေလေရဲ့....

Hyung.. ပင်ပန်းနေပြီလား ကျွန်တော်ကူပေးမယ်လေ.

ရပါတယ်Gukieရယ် သမီးလေးနဲ့သာကစားပါ..

ကစားတာကဟုတ်ပေမဲ့ hyungတစ်ယောက်ထဲကျပင်ပန်းတယ်လေ အိမ်အကူခေါ်မယ်ဆိုတော့ကျလဲ မဟုတ်ပြန်ဘူး.

GukieကလဲHyungမပင်ပန်းပါဘူးဆိုနေ. အိမ်အကူခေါ်စရာလဲမလိုဘူးလေ.. gukieနဲ့သမီးလေး စားဖို့Hyungကချက်ကျွေးမှာပေါ့.

ဟုတ်ပါပြီကွာ ပြောမရလဲ.. သဘောပါ...

ခဏနေရင်တော့.. ကားဂိတ်မှာJin hyungတို့ကို သွားကြိုပေးဦးနော်.

Ok.

Ji jiလဲ.. လိုက်မယ်ဒယ်ဒီ..

ဒယ်ဒီသမီး ပူတူတူးလေးကို.. ခေါ်သွားမှာပေါ့ ထားခဲ့စရာလား.

ဟီး. ပါပါးကော..

ပါပါးကမလိုက်တော့ပါဘူး. သမီးနဲ့ဒယ်ဒီဘဲ.. ဦးဦးJinတို့ကို သေချာကြိုခဲ့ ဟုတ်ပြီလား

Nae....

ချစ်ဖို့ကောင်းလိုက်တာ.. သမီးလေးကိုကြည့်ပြီး သူတို့၂ယောက်ရဲ့အပြုံးတွေ ဝေဆာသွားရပြန်သည်... တကယ်အသဲယားဖို့ကောင်းတဲ့ကလေး..

ညနေဘက်မှာတော့.. ထမင်းစားခန်းအတွင်း.. အသံဆာဆာလေးထွက်လာလိုက်. ရယ်သံတွေထွက်လာလိုက်နဲ့.. ပျော်နေကြတယ်ဆိုတာ အသံကြားရုံနဲ့ အတပ်သိနိုင်သည်..

"LOVE EQUAL HATE" [Uni & Zaw]Where stories live. Discover now